"ဘာ တေဇ ၊ မင်း အဖေဆုံးပြီ ဟုတ်လား''
သူရမင်း အခန်းထဲတွင် ထိုင်ရင်း မျက်ပြူး
ဆန်ပြာနှင့် ထအော်သည်။"အေး ဟုတ်တယ် မင်းတို့က နယ်ကမို့ ဝေးလို့မပြောတော့တာ''
"ဘာပဲဖြစ်ဖြစ်လေ ၊ မင်းကလည်း ငါ ရအောင်လာမှာပေါ့ကွ''
"ရပါတယ်ကွာ ၊ ကဲ... မင်းတို့ အေးဆေး နားကြအုန်း ။ ညစာစားဖို့ ညကျ လာခေါ်မယ်'' ပြောပြီး တေဇ ထရန်အလုပ်
"ဟာ မလုပ်ပါနဲ့ ငါတို့ အပြင်မှာ သွားစားပါ့မယ် ။
မင်းရဲ့ အမေကို အားနာစရာကြီး ''" ခုမှ အားနာစရာကြီး လုပ်မနေနဲ့ ၊ အိမ်လည်း ရောက်နေပြီပဲ ။ ပြီးတော့ ဟိုဘက်ခန်းမှာ ငါ့ညီမ ရှိတယ်နော် ။ သတိလေး ဘာလေး ထားကြအုန်း''
တေဇ ဘေးကပ်ရပ်မှ ဘရဏီ့ အခန်းကို လက်ညှိုးထိုးပြရင်း သူရမင်း ကို နောက်လိုက်သည်။
"ဒီကောင်..'' ဟု ဆိုကာ သူရမင်းက ပြေးကန်သည်။
ထူးဆန်းသည်က သုသုမ ငြိမ်နေခြင်းပင် ။ ရောက်တည်းက စကားတစ်ခွန်းမှ မပြောပဲ ပြုံးပြုံးကြီးသာ နေနေလေသည် ။
"သုသုမ လွတ်လွတ်လပ်လပ် နေစမ်းပါဟာ သူငယ်ချင်းတွေပဲ ဘာရှက်စရာ ရှိလို့လဲ''
"အင်းပါ''
"ကဲကဲ နားတော့ ငါ ဟိုဘက်အိမ်မှာ ရှိမယ် ။ လိုတာရှိ phဆက်လိုက်''
"ဟမ်... ဟိုဘက်အိမ် ဘာသွားလုပ်မလို့လဲ ငါတို့နဲ့နေပါဟ ၊ မင်းကလည်း ''
"မနေဘူး ငါ လုပ်စရာ ရှိသေးတယ် ။ မင်းတို့လဲ
မင်းတို့ဘာသာ လုပ်စရာရှိတာလုပ်''တေဇ လျှာရှည်နေသော မိချောင်းမ သားကို စကားစဖြတ်ပြီး သူရိန်ရှိရာ ဘေးအိမ်သို့သာ အပြေးနှင်လာတော့သည် ။ အိမ်ထဲသို့ ရောက်လျှင်ရောက်ခြင်း
"ကို.... ကိုရေ''
" လှေကားထိပ်က အခန်းထဲမှာ တေဇ'' ဆရာလေး ထမင်းစားခန်းထဲက ထွက်လာရင်းဖြေသည်။
"အော် ဟုတ် ၊ အဲ့တာဆို ကျွန်တော် တက်သွားလိုက်အုန်းမယ်နော်''
"ဟို.... တေဇ အကိုသော် အိမ်မှာရှိလား''
"အင်း ရှိမှာပေါ့ ၊ ကျွန်တော်လည်း သူငယ်ချင်းတွေ ရောက်နေတာနဲ့ မသိလိုက်ဘူး''
YOU ARE READING
အသက်တည်သရွေ့ (Unicode +Zawgyi) Complete
RomanceRole နဲ့ပက်သက်ပြီး sensitive ရှိ သူများကို မဖတ်စေချင်ပါ ❤❤