" ပြောလေ ကလေး ''
" ကျွန်တော် အင်း... ကျွန်တော် အကို့ကို မြတ်နိုးတယ် ထင်တယ် ''
" ဟင် ''
"ကျွန်တော် အကို့ကို မြတ်နိုးတယ်လို့ ။ အကို့ကို လုံးဝ မစွန့်လွှတ်နိုင်လောက်အောင် မြတ်နိုးတယ် ၊ ချစ်တာထက်ကို ပိုတယ် '' ပြောချင်ရာ ပြောပြီး ပူထူလာ၍ မျက်နှာ လွှဲထားလိုက်ရသူက တေဇ ။
" ခုလို ကလေး စိတ်ကျဥ်းကြပ်နေရတဲ့ အချိန်မှာတောင် ကိုယ့်ကို ရွေးချယ်ပေးလို့ ကျေးဇူးတင်ပါတယ် ။ ကိုယ်လည်း ကလေးကို မြတ်နိုးလွန်းတာမို့ ကလေး ရွေးချယ်မှုက နောင်တစ်ချိန် ပြောင်းလဲသွားခဲ့ရင်တောင် ကိုယ် နားလည်ပေးသွားမှာပါ ''
ပြောရင်း လက်ဖမိုးတို့ကို ဆုပ်ကိုင်လာသော အကို့ လက်ဖဝါးပြင် ပူပူနွေးနွေးကိုလည်း ကျွန်တော် မြတ်နိုးပါတယ် အကို။
" နေပါအုန်း.. ကျွန်တော့်ကို ဘာလို့ ကလေးလို့ ခေါ်တာလဲ ''
" ကိုယ့်ရဲ့ ရင်ထဲ အသက်သွေးထဲကနေ မင်းက ဖြစ်တည်လာသလိုမျိုး ကိုယ်ခံစားရလို့ .. ကိုယ့်ရဲ့ကလေးလေးလိုမျိုး မင်းကို မြတ်နိုးလွန်းတာမို့ ''
" ဟင်း ..... ''
တေဇ သက်ပြင်းမောကြီး တစ်ခုသာ ချလိုက်မိသည် ။
" ဘာလို့လဲ ကလေးလို့ ခေါ်တာ မကြိုက်လို့လား ''
" မဟုတ်ပါဘူး ရှေ့ဆက်ရမယ့် လမ်းတွေမှာ အကို့ကို ပင်ပန်းစေမယ့် အကြောင်းတွေ အများကြီး ရှိတာမို့ အကို ပင်ပန်းမှာကို ကြိုတွေးမိလိုက်လို့ပါ ''
ရင်တွေမောလိုက်ရတာ အကိုရာ။
" ကိုယ့်ရဲ့ ကလေးက စကားတွေ တက်နေလိုက်တာ ။ ကိုယ့်အတွက် စိတ်မပူပါနဲ့ ၊ ပြီးတော့.. ကလေးအတွက်ပဲ ကလေးကြည့်နော် ။ နောင်တစ်ချိန်မှာ ကလေး ပင်ပန်းလာရတယ် ဆ်ိုရင်တောင် ဒီ relationshipကို ရပ်ချင်တဲ့ အချိန် ရပ်လိုက်လို့ ရပါတယ် '' ဟုဆိုကာ တေဇ နဖူးတွင် သီးနေသော ချွေးစများကို အင်္ကျီလက်ဖျားနှင့် တယုတယ သုတ်ပေးလာသည် ။
" မားက ပြောဖူးတယ် ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တာ နွားတဲ့ ။ ကျွန်တော် ဒီ ဆက်ဆံရေးကို လက်သင့်ခံဖို့ မားတို့အတွက် ကြည့်ပြီး အကို့အတွက်လည်း ထည့်စဥ်းစားခဲ့ပါတယ် ။ အကုန်ပြီးမှ ကျွန်တော် လက်ခံခဲ့တာပါ ''
YOU ARE READING
အသက်တည်သရွေ့ (Unicode +Zawgyi) Complete
RomanceRole နဲ့ပက်သက်ပြီး sensitive ရှိ သူများကို မဖတ်စေချင်ပါ ❤❤