အပိုင်း(၁)✔

4.2K 113 5
                                    

Plz don't leave me,Babe

လူတစ်ယောက်မှာ အနည်းဆုးံတော့ အတိတ်ဆိုး တစ်ခုဆီ ရှိတတ်ကြတယ်...။

ကျွန်တော်ကတော့ ကံအကောင်းဆုးံ လူသားပဲလား..။

ကျွန်တော်ရဲ့ အတိတ်ဆိုးတွေကို မမှတ်မိနိုင်ခဲ့ဘူး..။

ကျွန်တော်နမည်ကတော့ Gulf ပါ..။ကျွန်တော် အသက် ၁၂
နှစ်အရွယ်မှာပဲ မိဘမဲ့ဂေဟာကို ရောက်ခဲ့ပါတယ်...။

ကျွန်တော်ဟာ ကျွန်တော်ရဲ့ ငယ်စဉ်ဘဝတွေကို မမှတ်မိနိုင်တဲ့ သူတစ်ယောက်ပါ..။

အဖေ ဘယ်သူလဲ ဘယ်လိုရုပ်ရည်မျိုးလဲ..။အမေကရော
ဘယ်လိုပုံစံမျိုးလဲဆိုတာ... ။

ကြာလာတော့ ကျွန်တော်အတွက် ဒါတွေက အရေးမပါတော့ပါဘူး..။

ကျွန်တော် ဘဝ ရှေ့ဆက်ဖို့ပဲ ကျွန်တော် ရွေးချယ်ခဲ့တယ်..။

"Gulf နံပါတ်လေးဝိုင်းက မှာထားတာတွေ ရပြီး.."

"ဟုတ်ကဲ့ပါ..."

Gulf လည်း အလျှင်အမြန် စားပွဲကို ရှင်းပြီး နံပါတ်လေးသို့
မှာထားသည့် ကော်ဖီကို ချပေးလိုက်သည်..။

"အရသာ ရှိရှိ သုးံဆောင်ပါဗျ..."

ညနေပိုင်း ကော်ဖီဆိုင်က အချိန်ပိုင်း အလုပ်ပြီးတာနဲ့ ကလပ်မှာလည်း စားပွဲထိုးလုပ်ဖို့ သွားရသည်..။

အလုပ်ဟူသမျှ ဂုဏ်ရှိစွာတဲ့လေ..။ကျွန်တော်က သမာအာစီဝ
ကျတဲ ဘယ်အလုပ်မဆို လုပ်ပါတယ်..။အမြဲတမ်းကြီး
မိဘမဲ ကျောင်းက အထောက်အပံကို မျှော်နေလို့ မရဘူး..။
ကျွန်တော်လည်း တစ်ချိန်တော့ ကျွန်တော် ကြီးပြင်းခဲ့တဲ့ မိဘမဲ ကျောင်းကို ပြန်လည် ထောက်ပံပေးချင်တယ်..။

Xx club

"Gulf ဒီနေ့ နောက်ကျတယ်နော်..."

"တောင်းပန်ပါတယ်ဗျ..."

Gulf သည်လည်း အလုပ်သမား နားနေခန်းသို့ တန်းဝင်ကာ
အဝတ်အစားများလဲ ပြီး အလုပ်ကို စလုပ်တော့သည်..။

Plz don't leave me,babe (Completed) Where stories live. Discover now