'ဆူး'တစ်ယောက် သူမရဲ့ရုံးခန်းထဲက ဧည့်သည်တွေကိုထိုင်စကားပြောတဲ့နေရာရှိ ဆိုဖာခုံပေါ်မှာထိုင်ကာ စိတ်တိုနေလေသည်။ဘာအတွက်ကြောင့်လဲဆို မနေ့ညကကိစ္စကြောင့်ပေါ့။
မနေ့ညက-
သူမ,ရုံးဆင်းတာနောက်ကျပြီး အပြန်တွင် အိမ်ပြန်တာကိုလမ်းမကြီးအတိုင်းမပြန်ဘဲ 'လင်း'ကိုသတိရလို့ 'လင်း'နေတဲ့ကွန်ဒိုတိုက်ခန်းဘက် သွားတဲ့လမ်းကနေပြန်သွားခဲ့သည်။သွားနေစဉ်မှာပဲ ကွန်ဒိုအနီးအနားက စားသောက်ဆိုင်တစ်ခုမှာ 'လင်း'ကိုတခြားမိန်းကလေးတစ်ယောက်နဲ့ အတူတူစားသောက်နေတာကိုတွေ့သွားခဲ့တယ်လေ။အဲ့ဒါကို အခုပြန်တွေးရင်း,တွေးရင်း ထိုင်ပြီးဒေါသတွေထွက်နေလေရဲ့။😤😤
"ဒေါက်...ဒေါက်...ဒေါက်..."
ထိုစဉ် အပြင်ဘက်ကတံခါးခေါက်သံပေါ်လာသည်။
"ဝင်ခဲ့!! "
သူမ ရင့်ရင့်သီးသီးပဲအော်ပြီးဝင်ခွင့်ပြုလိုက်သည်။ဝင်လာမယ့်သူက 'လင်း'မှန်းသိလို့လေ။ခုနက သူမရဲ့ရုံးခန်းရှေ့ကဧည့်ကြိုကောင်တာဝန်ထမ်းမလေး 'ဇင်မာဦး'အား 'လင်း'ကိုခေါ်ခဲ့ဖို့ခိုင်းထားလို့ပါ။
"မမလေး...လင်းကို ခေါ်တယ်ဆိုလို့ပါ"
"ဟုတ်တယ်!! "
ဒေါသသံနဲ့ဖြေပြီး 'လင်း'ကို သူမဒေါသမျက်လုံးတွေနဲ့ကြည့်နေသည်။
"လင်း ထိုင်လို့ရမလားဟင်"
'လင်း'ကလဲဘာမှန်းတော့မသိပေမယ့် သူမကိုကြည့်နေတဲ့မျက်လုံးတွေကိုကြောက်လို့ 'ဆူး'အာရုံပြောင်းအောင်လျှောက်မေးနေရသည်။
"မထိုင်နဲ့..ထိုင်စရာမလိုဘူး...လင်းကို ထိုင်ခိုင်းဖို့ခေါ်တာမဟုတ်ဘူး..မေးစရာရှိလို့ ခေါ်လိုက်တာ...အဲ့ဒီနားမှာပဲ မတ်တပ်ရပ်နေ"
"အော်..ဟုတ်ကဲ့...မေးပါ မမလေး"
"မနေ့တုန်းက ဘယ်တွေလျှောက်သွားနေလဲ.ပြော"
"မနေ့တုန်းက? "
"ဟုတ်တယ်..မနေ့တုန်းက....မနေ့ကဘယ်တွေလျှောက်သွားပြီး ဘယ်သူတွေနဲ့သွားတွေ့နေလဲဆိုတာပြော...အမှန်အတိုင်းပြော"
YOU ARE READING
ချစ်သူ...သိစေ >>{Zaw+Uni}
Teen FictionZawgyi ~~~~~ ကိုယ်ဟာ သူများတွေလို ချစ်တာကို ချစ်တဲ့အကြောင်း ချစ်စကားတွေ တီတီတာတာမပြောတတ် လွမ်းတာကို လွမ်းတဲ့အကြောင်း အမူအရာတွေ မဖော်ပြတတ်ပေမယ့် ကိုယ့်အသက်ထက်ပိုပြီး ချစ်မြတ်နိုးရတယ်ဆိုတာကို ချစ်တဲ့သူ သိပါစေကြောင်း....။ Unicode ~~~~~ ကိုယ်ဟာ သူများတ...