Part 9 {Zawgyi}

864 45 0
                                    

"အင့်...ဆူးကို စာတွေဖျက်ပေး"

တစ်ညတွင် စာကျက်ရန်အတွက်အပုဒ်ရှည်တွေကို ကျက်ရလွယ်အောင် စာကြောင်းတွေဖျက်ပေးဖို့ 'ဆူး'က 'လင်း'ကိုခိုင်းနေသည်။

"ကျောင်းမှာကတည်းကိုက ဆရာမဖျက်ပေးနေတာကို လိုက်မမှတ်ခဲ့ဘဲနဲ့"

"ဆူး လိုက်မှတ်ပါတယ်...ဆရာမက အရမ်းမြန်လွန်းတော့ မမှီတော့ဘူးလေ"

"ဆူးတို့က ပြောလိုက်ရင်ဆင်ခြေတွေချည်းပဲ"

"ဘာ...အခု ဆူးကိုအပြစ်ထိုင်ပြောနေတာလားဟင်...ဟုတ်လား"

"မ...မဟုတ်ပါဘူး...လင်းကဒီအတိုင်း မမှတ်ခဲ့တာကိုပဲ ပြောချင်တာပါ"

"တော်ပြီ..သွား..ဖျက်ပေးမနေတော့နဲ့...စာလဲမကျက်တော့ဘူး.စာမေးပွဲလဲမဖြေတော့ဘူး"

"အဲ..အဲ့ဒီလိုတော့ မလုပ်ပါနဲ့ ဆူးရယ်...လင်း မှားသွားပါတယ်..နော်...စိတ်မဆိုးပါနဲ့...လင်း ဖျက်ပေးမယ်နော်"

'လင်း'ကတော့ ကိုယ့်ဒုက္ခကိုယ်ရှာပြီး သွားသွားစနေတာ။ပြီးရင် သူပဲအရှုံးပေးရတာ။😄

"ဟွန်း...သနားလို့ ခွင့်လွှတ်ပေးလိုက်မယ်နော်"

"ဟုတ်ကဲ့ပါ..ကျေးဇူးတင်ပါတယ်"

"ဘာလဲ...ရွဲ့နေတာလား"

"အယ်..မဟုတ်ရပါဘူး ဆူးရယ်...ဆူး..ဒီမယ်နော်...ဒီအကြောင်းတွေလဲကျက်စရာမလိုဘူး.ဒီဟာကလဲ မပါဘူး...ဆူး ကျက်လို့လွယ်အောင် မသိတဲ့ english meaningတွေကို မြန်မာလိုရေးပေးထားတယ်နော်"

"လင်းက တော်လိုက်တာ...ကြည့်ဦး..ဒီEnglishစကားလုံးတွေကိုသိတယ်ပေါ့နော်...လင်း ဘာလို့အရမ်းတော်နေရတာလဲဟင်"

"လင်းက တော်လို့မဟုတ်ပါဘူး...စာကြိုးစားလို့ပါ ဆူးရဲ့...စာလုပ်တော့ စာတွေရနေတာပေါ့"

"ဆူးကတော့ စာမကြိုးစားချင်ပါဘူး...စာလုပ်ရမှာ အရမ်းပျင်းတာပဲ.သိလား...စာအုပ်ကိုင်လိုက်ပြီဆိုတာနဲ့ကို အိပ်ချင်လာရောပဲ"

"အ.ဟင်း.ဟင်း...သိပါတယ်နော်...ဒါပေမယ့် ဆူးရယ်...စာကြိုးစားတော့ ပိုကောင်းတာပေါ့...စာကြိုးစားတယ်ဆိုရင်...ရင်.."

ချစ်သူ...သိစေ >>{Zaw+Uni}Where stories live. Discover now