Part 42 {Unicode}

2.3K 131 1
                                    

"ဖျက်ဆီးရမယ်?...ဟုတ်လား"

မယုံနိုင်စွာနဲ့ 'ဘုန်းကို'က 'အိဖြူ'ကိုမေးလိုက်သည်။

"ဟုတ်တယ်"

"ဟာ....ဘာကိစ္စနဲ့ ကိုယ်ကအဲ့ဒီလိုလုပ်ရမှာလဲ...မလုပ်နိုင်ပါဘူး"

"ဘာလို့ မလုပ်နိုင်ရမှာလဲ...မြန်မြန်သွားစမ်းပါ ဘုန်းကိုရာ...အချိန်မရှိဘူး"

"မလုပ်နိုင်ဘူး...ကိုယ် လုံးဝမလုပ်နိုင်ဘူးလို့ပြောနေတယ်လေ အိ"

"ဘာဖြစ်လို့လဲ...နင်ပဲငါ့ကို ချစ်တယ်ဆို...ငါခိုင်းတာ.ငါအလိုရှိတာ အကုန်လုပ်ပေးမယ်ဆို...အခုငါလိုချင်တာကို နင်လုပ်ပေးရမှာပေါ့"

"ချစ်တာက ချစ်တာပဲလေ...အခု အိခိုင်းတဲ့ဟာက မဟုတ်တာကြီးကိုကွာ...ကိုယ်လုံးဝမလုပ်နိုင်ဘူးဆို မလုပ်နိုင်ဘူးပဲ"

"နင် ဘယ်လိုဖြစ်နေတာလဲဘုန်းကို...နင်တို့ယောကျာ်းလေးတွေက ဒီလိုမျိုးလိုချင်ကြတာမဟုတ်ဘူးလား...အခွင့်အရေးဆိုတာ ၂ခါမရဘူးနော်...ဒီလိုလှတဲ့ကောင်မလေးကို နင်ကဒီအတိုင်း လွှတ်ပေးလိုက်မလို့လား"

"ဒီမှာ အိ...ငါတို့ယောကျာ်းလေးတွေက ဒီလိုမျိုးလိုချင်ရင်လိုချင်မယ်...ဒါပေမယ့် ဒီလိုနည်းလမ်းနဲ့တော့မဟုတ်ဘူး...မိန်းကလေးတစ်ယောက်ကိုဖျက်ဆီးတယ်ဆိုတာ လူမဆန်တဲ့ယောကျာ်းတွေပဲလုပ်မှာ...ငါက အဲ့ဒီလိုလူမျိုးမဟုတ်ဘူးကွ...ငါက မိကောင်းဖခင်သားသမီး..ပြီးတော့ ငါ့မှာအစ်မတစ်ယောက်လဲရှိသေးတယ်...ငါ့အစ်မနဲ့ကိုယ်ချင်းစာပြီး ငါဒီလိုအလုပ်မျိုးမလုပ်နိုင်ဘူး...ပြီးတော့ အစ်မဆူးက ငါနဲ့ခင်တဲ့သူ...ငါ မိန်းကလေးတစ်ယောက်ကိုဖျက်ဆီးရအောင် အောက်တန်းမကျသေးဘူး အိ"

"ဟား...အခုမှ သူတော်ကောင်းကြီးမှန်းသိတော့တယ်...တော်တော်လေးကို ကြီးကျယ်မြင့်မြတ်ပါပေတယ်နော်...ဟား...ဟား...နင့်လိုလူမျိုးကို ဒီလိုလုပ်လို့ ဘယ်သူမှဆုချမှာမဟုတ်ဘူး...နင့်ကို သူရဲဘောကြောင်တဲ့သူလို့သတ်မှတ်ကြမှာ"

"မင်းဖာသာ ဘယ်လိုပဲသတ်မှတ်မှတ် ငါဂရုမစိုက်ဘူး...ဒါပေမယ့် ငါကမင်းလောက်ထိတော့ စိတ်ဓာတ်အောက်တန်းမကျဘူး အိ...တကယ်ဆို မင်းလဲမိန်းကလေးတစ်ယောက်ပဲ..မိန်းကလေးချင်းကိုယ်ချင်းစာပြီး ငါကဒီလိုလုပ်ချင်ပါတယ်ဆိုရင်တောင် မင်းကတားရမှာ...အခုတော့ မိန်းကလေးချင်းမစာမနာ မင်းကတောင်စပြီးဖျက်ဆီးခိုင်းနေတယ်...မင်းကို ဒီလိုလူမျိုးမှန်း ငါမသိခဲ့ဘူး အိ...မင်းကို ချစ်ခဲ့မိတဲ့ငါ့ကိုယ်ငါတောင် စိတ်ပျက်မိတယ်"

ခ်စ္သူ...သိေစ >>{Zaw+Uni}Where stories live. Discover now