"ဇင်မာရေ...ဆူး ဒီနေ့ချိန်းထားတဲ့ကိစ္စအားလုံးကို cancelလုပ်ပေးပါဦး...clientတွေဆီကို ဖုန်းဆက်ပေးနော် ဇင်မာ"
ရုံးခန်းရှေ့က ဧည့်ကြိုကောင်တာမှာလာပြီး 'ဇင်မာ့'ကို 'လင်း'ကမှာကြားနေသည်။
"ဟုတ်ကဲ့ အစ္မ...cancelဖြစ်သွားတဲ့အကြောင်း အကုန်လုံးဆီဖုန်းဆက်လိုက်ပါ့မယ်"
"အင်း ဇင်မာ...ဖုန်းဆက်လို့မရဘဲရောက်လာတဲ့သူတွေကိုတော့ အကျိုးအကြောင်းလေးပြောပြပြီး သေချာတောင်းပန်လိုက်ပါဦးနော် ဇင်မာ...ရုတ်တရက် အရေးကြီးကိစ္စပေါ်လာတဲ့အကြောင်းလေးပါ ထည့်ပြောပေးပါဦး"
"ဟုတ်ကဲ့ပါ အစ်မရဲ့"
"နောက်ပြီးတော့လေ ဇင်မာ...မချိန်းဘဲရောက်လာတဲ့သူတွေကိုလဲ ပြန်လွှတ်နော်...နောက်နေ့မှလို့ ပြောလိုက်"
"ဟုတ်ကဲ့ အစ္မ...ဒါနဲ့ ဘာအရေးကြီးကိစ္စရှိလို့ ဖျက်ခိုင်းတာလဲဟင်...မမမ်ား နေမကောင်းဖြစ်လို့လား"
"အဲ့ဒီလိုမဟုတ်ပါဘူး ဇင်မာရဲ့...ဒီနေ့ အရေးကြီးဧည့်သည်လာမှာမို့လို့တဲ့..အများကြီးအားပေးပြီးဝယ်နေကျ အထူးဖောက်သည်လာမှာမို့လို့ ဆူးက ချိန်းထားတဲ့ကိစ္စမှန်သမျှကိုဖျက်ခိုင်းထားလို့...အဲ့ဒီဖောက်သည်က နယ်ကလာမှာဆိုတော့ တစ်ခုခုလဲလိုက်ကျွေးရင်း အချိန်ပေးချင်လို့တဲ့"
"ဟုတ္လား...ဘယ်သူမို့လို့လဲဟင်"
"ကိုပြည့်စုံလို့တော့ ဆူးပြောနေတာပဲ"
"လက်စသတ်တော့ အဲ့ဒီလူကိုး"
"ဘယ်သူမို့လို့တုန်း ဇင်မာရဲ့"
"အဲ့ဒီလူက ကုမ္ပဏီမှာအမြဲတမ်းအားပေးနေကျဆိုတာတော့ ဟုတ်တယ်အစ်မရဲ့...ဒါပေမယ့် ပစ္စည်းတွေကိုလိုချင်တာလား..လူကိုလိုချင်တာလားတော့ မသဲကြဲဘူး"
"ဟင်"
'လင်း'မရတော့ဘူး၊စိတ်တွေပူပန်လာကာ သေချာလေးနားစိုက်ထောင်နေသည်။
"ဟုတ်တယ်...အဲ့ဒီလူက ဇင်မာတို့မမကိုကြိုက်နေတာလေ...ကြိုက်တာတောင်ရိုးရိုးမဟုတ်ဘူး.ငမ်းငမ်းတက်ဗျ...အဆင့်အတန်းမရှိ မိန်းကလေးတစ်ယောက်ကိုအရမ်းကြည့်တာ...သူရောက်လာပြီဆို မမကိုကြည့်နေလိုက်တာများ အရည်ပျော်သွားမလားတောင်ထင်ရတယ်...ပြီးတော့ သူဌေးလက်ထက်ကတည်းကိုက အဲ့ဒီလူရဲ့မိဘတွေကအထူးဖောက်သည်တွေဆိုတော့ မိဘတွေကရင်းနှီးကြတယ်လေ...မနှစ်တုန်းက.အစ္မ ကုမ္ပဏီမှာမရောက်သေးတဲ့နှစ်ကဆို မိဘတွေပါခေါ်လာပြီး လူကြီးချင်းစကားပြောကြတာ"
YOU ARE READING
ချစ်သူ...သိစေ >>{Zaw+Uni}
Teen FictionZawgyi ~~~~~ ကိုယ်ဟာ သူများတွေလို ချစ်တာကို ချစ်တဲ့အကြောင်း ချစ်စကားတွေ တီတီတာတာမပြောတတ် လွမ်းတာကို လွမ်းတဲ့အကြောင်း အမူအရာတွေ မဖော်ပြတတ်ပေမယ့် ကိုယ့်အသက်ထက်ပိုပြီး ချစ်မြတ်နိုးရတယ်ဆိုတာကို ချစ်တဲ့သူ သိပါစေကြောင်း....။ Unicode ~~~~~ ကိုယ်ဟာ သူများတ...