Part 29 {Zawgyi}

849 42 0
                                    

ညနေ၃နာရီကျော်ကျော်လောက်တွင် 'လင်း'က 'ဆူး'ကိုစာရွက်စာတမ်းများလက်မှတ်ထိုးရန် လာပေးရင်း စကားစပြောလိုက်သည်။

"ဆူး....ဒီနေ့ လင်းအလုပ်နည်းနည်းစောဆင်းမယ်နော်...ခဏနေ အလုပ်ဆင်းလိုက်တော့မယ်"

"ဘာဖြစ်လို့လဲ"

'ဆူး'ကစိတ်ပူသွားတဲ့မျက်လုံးလေးနဲ့မော့ကြည့်ကာ မေးလိုက်သည်။

"လင်း.သူငယ်ချင်းတစ်ယောက်ကို သွားတွေ့စရာရှိလို့"

"ဘယ်သူလဲ...ဘယ်က သူငယ်ချင်းလဲ"

"ဆွစ်မှာ ကျောင်းတက်ရင်းတွေ့ခဲ့တဲ့သူငယ်ချင်းပါ"

"ကျောင်းတက်ရင်း တွေ့တဲ့သူငယ်ချင်း?...ဘယ်လိုတွေ့တာလဲ"

တစ်ခုချင်း လိုက်စစ်မေးနေတာ။😆

"အော်...သူများနိုင်ငံမှာတွေ့တဲ့ မြန်မာအချင်းချင်းဆိုတော့ ခင်သွားကြတာ...ဆူးလဲ သိမှာပါ...တခြားနိုင်ငံမှာ ကိုယ့်လူမျိုးအချင်းချင်းတွေ့ရင် ဆွေမျိုးအရင်းတွေလိုမျိုးခင်သွားတာလေ...ကိုယ့်အချင်းချင်းမကူညီရင် ဘယ်သူတွေကလာကူညီပေးပါ့မလဲ"

"လင်းပြောချင်တာက အဲ့ဒီလိုတွေ့ရင်းခင်သွားတယ်ပေါ့လေ..ဟုတ်လား"

"အင်း.ဟုတ်တယ်"

"အဲ့ဒီတော့...သူနဲ့ ဘာကိစ္စရှိလို့သွားတွေ့ချင်တာလဲ..ပြော"

"ကိစ္စရှိလို့မဟုတ်ဘူး ဆူးရဲ့...သူက အခုမှဆွစ်ကပြန်လာတာ...လင်းကသူ့ထက် ပြန်တာပိုစောတယ်လေ...အဲ့ဒါ သူပြန်ရောက်ပြီမို့လို့ ခဏသွားတွေ့မလို့....တကယ်ဆို သူကရန်ကုန်မှာနေတာ...လင်းနဲ့တွေ့ချင်လို့သာ မန်းလေးမှာခဏနေနေတာ...အဲ့ဒါကြောင့် ရန်ကုန်မသွားခင် ဒီနေ့တွေ့ဖို့ချိန်းထားတာ"

"သူက ရန်ကုန်မှာနေတယ်ဆို..ရန်ကုန်ကိုပြန်ပါ့လား...ဘာကိစ္စနဲ့ မန်းလေးမှာနေနေရတာလဲ"

"လင်းနဲ့ တွေ့ချင်လို့ပါဆို"

"လင်းနဲ့ ဘာဖြစ်လို့တွေ့ချင်ရတာလဲ...ဒါနဲ့ နေပါဦး...သူ့ရဲ့မိဘတွေက ဘယ်မှာနေတာလဲ"

"သူ့မိဘတွေကလဲ ရန်ကုန်မှာလေ"

"ဒါဆို မိဘတွေကရန်ကုန်မှာကို ရန်ကုန်ကိုချက်ချင်းမပြန်ဘဲနဲ့ လင်းနဲ့တွေ့ဖို့တစ်ခုလေးအတွက် မန်းလေးကိုအရင်လာတာပေါ့လေ...သူ့မိဘတွေကို အရင်သွားတွေ့သင့်တာမဟုတ်ဘူးလား"

ချစ်သူ...သိစေ >>{Zaw+Uni}Where stories live. Discover now