ပိတ်ရက်တစ်ရက်တွင် 'ဝါဝါ့'ဆီ 'လင်း'ဖုန်းဆက်လိုက်သည်။
"ဟယ္လို..ဝါဝါရေ"
"အမေလး...ဒေါ်လင်းလက်ဝေ..ရှင်ကကျွန်မဆီဖုန်းဆက်တယ်..ဟုတ္လား...ကြားသားမိုးကြိုး...ဒီနေ့တော့ မိုးရွာတော့မယ်ထင်တယ်"
"နင်ကလဲဟာ..ငါမအားလို့ မဆက္တာပါ"
"ဟွန်း...ဒီလိုပဲ ပြောမှာပေါ့"
"ငါနင့်ကို မေးစရာရှိလို့ ဖုန်းဆက်တာဝါဝါရ"
"သိနေတယ်လေ...နင်တို့က ငါ့ကိုဆိုလိုသုံးပဲသဘောထားတယ်ဆိုတာ...နော်..ဟုတ္တယ္မလား...ငါ့ကိုနင်တို့က မေးစရာရှိမှ.အကူအညီတောင်းစရာရှိမှ လာခေါ်ကြတာ...ကျန်တဲ့အချိန်ဆို အဖက်တောင်လုပ်ကြတာမဟုတ်ဘူး...သြား..လာမခေါ်နဲ့ ကောင်မစုတ်တွေ"
"ဟာ..ဝါဝါကလဲ...အဲ့ဒီလို မဟုတ်ရပါဘူး...စကားနာတွေထိုးမနေပါနဲ့တော့ ဝါဝါရာ...ငါနင့်ကို တကယ်အတည်မေးစရာရှိလို့ပါ"
"ဘာမေးမှာလဲ...မေး.မေး...သိချင်တာအားလုံး မေးတော်မူပါရှင့်"
"နင်နော်..လာမနောက်နဲ့...ငါနင့်ကိုမေးချင်တာကလေ...နင် ရဲကျော်နိုင်ဆိုတဲ့သူကိုသိလား"
"ဟင်..ဘယ်သူကြီးတုန်း"
"ဆူး ရဲရဲလို့ခေါ်တဲ့တစ်ယောက်လေဟာ"
"အော်..သိပြီ...နင်က သူ့နာမည်အရင်းကြီးရုတ်တရက်ကောက်မေးလိုက်တော့ ငါမမှတ်မိဘူးဖြစ်သွားတာ...ငါ သူ့ကိုသိတယ်လေ...ဘာဖြစ်လို့လဲ"
"သူ..အဲ့ဒီလူက ဆူးနဲ့ရင်းနှီးတာကြာပြီလားဟင်"
"နည်းနည်းတော့ကြာပြီပေါ့...နင်နိုင်ငံခြားမှာရှိနေတုန်းက ဆူးကသူနဲ့တော်တော်ရင်းနှီးသွားတာ...ဆူးက အဲ့ဒီလူနဲ့တွဲနေတာတော်တော်ကြာပြီ"
"တွဲနေတာ ကြာပြီ?!!!...ဟုတ္လား ဝါဝါ"
"အမေလး...အလန့်တကြားနဲ့ ဒေါ်လင်းလက်ရယ်...နားကိုအူထြက္သြားတာပဲ"
ကိုယ့်စိတ်ကိုယ်မထိန်းနိုင်ဘဲ 'လင်း'အကျယ်ကြီးအော်မိသွားလို့ 'ဝါဝါ'တောင် ဖုန်းကိုနားနဲ့ခွာရတဲ့အဆင့်ရောက်သွားသည်။
"ဆူးက အဲ့ဒီလူနဲ့တွဲနေတယ်..ဟုတ္လား...ဘယ်တုန်းကလဲ...ဘယ်လောက်ကြာနေပြီလဲ...ဆူးကိုကော ဂရုစိုက်ရဲ့လား...အဲ့ဒီလူက လူကောင်းကောဟုတ်ရဲ့လား...ဟင်..ဝါဝါ...ငါ့..ငါ့ကို အမြန်ပြောပြစမ်းပါဟာ...ငါအရမ်းသိချင်နေလို့ပါ"
YOU ARE READING
ချစ်သူ...သိစေ >>{Zaw+Uni}
Teen FictionZawgyi ~~~~~ ကိုယ်ဟာ သူများတွေလို ချစ်တာကို ချစ်တဲ့အကြောင်း ချစ်စကားတွေ တီတီတာတာမပြောတတ် လွမ်းတာကို လွမ်းတဲ့အကြောင်း အမူအရာတွေ မဖော်ပြတတ်ပေမယ့် ကိုယ့်အသက်ထက်ပိုပြီး ချစ်မြတ်နိုးရတယ်ဆိုတာကို ချစ်တဲ့သူ သိပါစေကြောင်း....။ Unicode ~~~~~ ကိုယ်ဟာ သူများတ...