'ဆူး'စောင့်နေခဲ့တာ တော်တော်ကြာနေပြီပေမယ့် အခုထိ 'လင်း'ကသတိရမလာသေးပါဘူး။
"လင်း သတိမရသေးဘူးလား...မြန်မြန်သတိရတော့လေ...လင်းသတိမေ့နေတာ ကြာလိုက်တာ...ဆူး ဒီမှာစောင့်နေတယ်လေ...ဆူးစောင့်နေတာ ကြာလှပြီ...ဘာလို့လဲ..ဆူးကို စိတ်ဆိုးနေတာလား...လင်းက ဆူးကိုစိတ်ဆိုးနေလို့.ဆူးကိုမတွေ့ချင်လို့ သတိမရသေးတာလားဟင်...လင်းကို ဆူးအရမ်းလွမ်းနေပြီမို့လို့ မြန်မြန်ထပါတော့နော်...နော်....နော် လင်း"
ပြောရင်းနဲ့ 'ဆူး'က ငြိမ်သက်စွာလဲလျောင်းအိပ်စက်နေတဲ့'လင်း'ကိုကြည့်ပြီး မျက်ရည်တွေထပ်မံကျဆင်းလာပြန်ပါသည်။ပြီးတော့ 'လင်း'ရဲ့ရင်ခွင်ထဲ မျက်နှာလေးမှောက်အိပ်ကာငိုနေလေရဲ့။
"အ.ဟင့်..ဟင့်... 😭😭😭"
"အင်း...ဟင်း...ဆူး....အင်း..."
'ဆူး'ငိုနေတဲ့အချိန်မှာပဲ 'လင်း'သတိရလာပါသည်။😇😇
"လင်း....လင်း သတိရလာပြီ...လင်း သတိရလာပြီပေါ့နော်...ဆူး အိပ်မက်မက်နေတာမဟုတ်ပါဘူးနော်"
"အင်း...လင်း သတိရလာပါပြီ"
"လင်း...."
'ဆူး'မှာ ပျော်လွန်းအားကြီးလို့ 'လင်း'ကိုအားကြီးနဲ့ထွေးဖက်ပစ်လိုက်မိသည်။
"အ...အား...ဆူး...လင်းက ဒဏ်ရာကြီးနဲ့လေ"
'လင်း'ခမျာ ဗိုက်ကဒဏ်ရာကြောင့် နာသွားရှာတာပေါ့။
"အဲ...အယ်...ဆောရီး...ဆောရီးနော် လင်း...ဆူးက ပျော်လွန်းလို့မေ့သွားတာပါ...လင်းသတိရလာတာဝမ်းသာလွန်းလို့ ဒဏ်ရာကိုမေ့သွားမိတာ...ဆူး တောင်းပန်ပါတယ်နော်"
"အင်းပါ...ရပါတယ်"
"လင်း အရမ်းနာသွားတာလားဟင်"
"ရပါတယ် ဆူးရဲ့...လင်း ဘာမှမဖြစ်ဘူး...ဖက်လိုက်တော့ ဒဏ်ရာကိုဖိမိသလိုဖြစ်ပြီး နည်းနည်းလေးအောင့်သွားတာပါ...နော်...စိတ်မပူပါနဲ့"
"လင်း..."
"ဟင်"
"လင်းသတိမရတော့မှာ ဆူးအရမ်းစိုးရိမ်နေခဲ့တာ..သိလား...ပြီးတော့...ပြီးတော့ လင်းသေသွားမှာလဲ ဆူးအရမ်းကြောက်နေခဲ့တာ...လင်းသေရင် ဆူးလဲလိုက်သေဖို့လုပ်ထားတာ...လင်းထားသွားမှာ ဆူးအရမ်းကြောက်တာပဲ.သိလား"
YOU ARE READING
ချစ်သူ...သိစေ >>{Zaw+Uni}
Teen FictionZawgyi ~~~~~ ကိုယ်ဟာ သူများတွေလို ချစ်တာကို ချစ်တဲ့အကြောင်း ချစ်စကားတွေ တီတီတာတာမပြောတတ် လွမ်းတာကို လွမ်းတဲ့အကြောင်း အမူအရာတွေ မဖော်ပြတတ်ပေမယ့် ကိုယ့်အသက်ထက်ပိုပြီး ချစ်မြတ်နိုးရတယ်ဆိုတာကို ချစ်တဲ့သူ သိပါစေကြောင်း....။ Unicode ~~~~~ ကိုယ်ဟာ သူများတ...