"ဟိတ်.လင်းလက်ဝေ..နင့်ကို ငါမေးစရာလေးရှိလို့"
"ဘာမ်ားလဲ..မေးလေ မင်းသန့်"
Toiletကနေပြန်လာပြီး အခန်းထဲဝင်ဖို့လုပ်လိုက်သော'လင်း'ကို Roll 1ကျောင်းသားလေးကလှမ်းခေါ်လိုက်သည်။အခုRoll. 1ဆိုပေမယ့် တကယ်တော့ 'လင်း'နဲ့ထိုကောင်လေးကတစ်လှည့်စီဖြစ်နေကျပါ။အခုတော့ 'လင်း'က Roll No. 2။
"ဒီတစ်ခေါက် Assignmentကို နင်ဘာခေါင်းစဉ်နဲ့ဘာအကြောင်းတွေရေးဖို့ စဉ်းစားထားလဲ"
"ငါကေတာ့ အခုတလောယာယီတွေးထားတာ Human Resourceပိုင်းကိုပဲဟ...အခုခေတ်က HRတွေနေရာယူလာတဲ့ခေတ်မလား...အဲ့ဒီတော့ ခေတ်နဲ့အမှီ အဲ့ခေါင်းစဉ်နဲ့လုပ်ဖို့တော့တွေးထားတယ်...အသေအချာကြီးရယ်လို့တော့ မဟုတ်သေးပါဘူး...သေချာလဲမလေ့လာရသေးဘူး"
"ဟုတ္လား...ကောင်းပါတယ်..နင်ပြောတာမှန်တယ်..HRပိုင်းကပိုတွင်ကျယ်လာတော့ နင်အဲ့ခေါင်းစဉ်နဲ့လုပ်မယ်ဆို မဆိုးဘူးဟ"
"ဟုတ်တယ်...ငါလဲအဲ့လိုပဲတွေးပါတယ်...ဒါနဲ့ နင်ကော...ဘယ်လိုအကြောင်းအရာရေးမှာလဲ"
"ငါကေတာ့ Marketingပိုင်းကိုရေးမယ်စိတ်ကူးထားတယ်...ငါက အဲ့အပိုင်းကိုတော်တော်လေးစိတ်ဝင်စားလို့လေ"
"အဲ့ဒါလဲ ကောင်းတာပဲ...Marketingကလဲ အခုဆိုအရမ်းအရေးပါနေပြီလေ"
"ဟုတ်တယ်ဟ...တော်ပါသေးရဲ့.နင်နဲ့ငါ ideaမတူသွားလို့..တူသွားခဲ့ရင် အရမ်းကြိုးစားနေရမှာ...အခုတော့ အေးအေးလူလူလုပ်ရုံပဲ...စတော်ကြီးကို ငါကြောက်တယ်ဟ"
"အမေလး..လာမြှောက်နေတယ်နော်...ငါကသာ နင့်ကိုကြောက်ရမှာ...အပိုတွေပြောမနေပါနဲ့ Roll 1ကြီးရယ်"
"ဟား.ဟား...အချင်းချင်းကို အဲ့လိုမခေါ်ပါနဲ့ လင်းလက်ဝေရာ...နင်လဲ မနှစ်က Roll 1ပါ...နင်နဲ့ငါနဲ့ကို ဆရာမတွေကပြောနေကြပြီ...တစ်..နေရာကိုအလှည့်ကျယူနေလို့တဲ့"
"အ..ဟင်း..ဟင်း...ဟုတ်ပါ့ဟာ"
"လင်း!!! "
အခန်းပေါက်ဝမှာကောင်လေးနဲ့ရပ်စကားပြောနေတဲ့'လင်း'ကို 'ဆူး'ကတွေ့သွားကာလေသံမာမာနဲ့လှမ်းခေါ်လိုက်သည်။
YOU ARE READING
ချစ်သူ...သိစေ >>{Zaw+Uni}
Teen FictionZawgyi ~~~~~ ကိုယ်ဟာ သူများတွေလို ချစ်တာကို ချစ်တဲ့အကြောင်း ချစ်စကားတွေ တီတီတာတာမပြောတတ် လွမ်းတာကို လွမ်းတဲ့အကြောင်း အမူအရာတွေ မဖော်ပြတတ်ပေမယ့် ကိုယ့်အသက်ထက်ပိုပြီး ချစ်မြတ်နိုးရတယ်ဆိုတာကို ချစ်တဲ့သူ သိပါစေကြောင်း....။ Unicode ~~~~~ ကိုယ်ဟာ သူများတ...