"ဟင်!!......မမေလး....ဆံပင်တွေညှပ်ပစ်လိုက်တာလား"
စာရင်းတွေလက်မှတ်ထိုးခိုင်းဖို့ 'ဆူး'ရဲ့ရုံးခန်းထဲဝင်ဝင်ချင်း 'လင်း'က'ဆူး'ဆံပင်တွေညှပ်ထားတာတွေ့လို့ အံ့သြပြီးမေးလိုက်သည်။
('ဆူး'ကနည်းနည်းလေးပဲဆံပင်တိုလိုက်တာပါ။အစကခါးအောက်ထိပေမယ့် အခုတော့ကျောလယ်လောက်ထိတိုပစ်လိုက်တာလေ။
အလုပ်စားပွဲမှာထိုင်ပြီး'ဆူး'ကအလုပ်လုပ်နေတော့ ဆံပင်ကအနောက်မှာချထားတာကို တခြားသူသာဆိုမြင်မှာမဟုတ်ဘူးရယ်။'လင်း'ကေတာ့ 'ဆူး'ကိုအရိပ်တကြည့်ကြည့်,ကြည့်နေတဲ့သူမို့လို့ တန်းသိလိုက်တာလေ။😍)
'လင်း'မေးလိုက်တော့ 'ဆူး'ကအလုပ်လုပ်နေရင်း မော့ကြည့်ကာ-
"အင်း..ဟုတ်တယ်လေ..ဘာဖြစ်လို့လဲ"
"ဘယ်တုန်းက ညှပ်ပစ်လိုက်တာလဲဟင်"
"ဒီပိတ်ရက်တုန်းက...ဘာလုပ်မလို့လဲ"
"ဘာစိတ်ကူးနဲ့ညှပ်ပစ်လိုက်ရတာလဲ မမလေးရယ်..ဟင်...ဘာဖြစ်လို့ညှပ်ပစ်လိုက်ရတာလဲ"
"ဘာဖြစ်လို့ညှပ်ရမှာလဲ...ကိုယ့်ဖာသာညှပ်ချင်လို့ ညှပ်တာပေါ့...ဘယ်သူ့ခွင့်တောင်းနေရဦးမှာလဲ"
သူမက စိတ်ကလက်တစ်ဆစ်ရယ်ဆိုတော့ စိတ်တိုလာပြီလေ။😆
"လင်းက အဲ့ဒီလိုပြောချင်တာမဟုတ်ပါဘူး...မမလေးရဲ့ဆံပင်တွေကို နှမြောလို့ပါ...ခါးအောက်ထိအရှည်ကြီးဟာကို အခုကျတော့ နှမြောစရာကြီးလေ...မမေလး မညှပ်သင့်ဘူး"
"ဘာနှမြောစရာရှိလဲ...ကိုယ့်ဟာကိုယ်အတိုထားချင်လို့ညှပ်လိုက်တဲ့ကိစ္စကို.ဘာဖြစ်လဲ....လင်းက နှမြောတယ်.နှမြောတယ်နဲ့...လင်းဆံပင်လား...ဒီနှမြောတယ်ပဲ ပြောနေတာ"
"မဟုတ်ပါဘူး"
"ဘာဖြစ်လို့ ဒီစကားပဲပြောနေတာလဲ.ဘာလို့လဲ...ဆူးက ဒီဆံပင်နဲ့မလိုက်လို့လား...ရုပ်ဆိုးပြီး ချစ်စရာမကောင်းတော့လို့လား..ပြော.."
"အဲ့လိုမဟုတ်ပါဘူး မမလေးရယ်...လိုက်လဲလိုက်တယ်.ချစ်စရာလဲကောင်းပါတယ်...လင်းက ဒီအတိုင်း အရှည်ကြီးကိုညှပ်ပစ်လိုက်လို့ နှမြောတဲ့သဘောပါ...နှမြောရုံသပ်သပ်ပဲ...မမလေးကိုမလိုက်ဘူးလို့ ပြောချင်တာမဟုတ်ပါဘူး"
YOU ARE READING
ချစ်သူ...သိစေ >>{Zaw+Uni}
Teen FictionZawgyi ~~~~~ ကိုယ်ဟာ သူများတွေလို ချစ်တာကို ချစ်တဲ့အကြောင်း ချစ်စကားတွေ တီတီတာတာမပြောတတ် လွမ်းတာကို လွမ်းတဲ့အကြောင်း အမူအရာတွေ မဖော်ပြတတ်ပေမယ့် ကိုယ့်အသက်ထက်ပိုပြီး ချစ်မြတ်နိုးရတယ်ဆိုတာကို ချစ်တဲ့သူ သိပါစေကြောင်း....။ Unicode ~~~~~ ကိုယ်ဟာ သူများတ...