'လင်း'ရဲ့စူးရဲတဲ့အကြည့်တွေကို 'ရဲရဲ'ကမဟုတ်တာလုပ်ထားတော့ ပြန်မကြည့်ရဲဘူးလေ။ဟိုဘက်ကြည့်သလိုလို၊ဒီဘက်ကြည့်သလိုလို လုပ်နေသည်။'လင်း'ကကြည့်ရင်းကြည့်ရင်းနဲ့ ဒေါသတွေအလိပ်လိုက်ထွက်လာပြီး စိတ်ကိုလွှတ်ကာ 'ရဲရဲ'ကိုတစ်ခုခုလုပ်ရန် ရှေ့ကိုခြေတစ်လှမ်းတိုးသွားလိုက်သည်။အဲ့ဒီအချိန်မှာပဲ 'ဆူး'ကအေနာက္ကေန 'လင်း'ရဲ့ခါးလေးကိုသိုင်းဖက်လိုက်ပါသည်။
"လင်း.....လင်း...လား....လင်း...လား...ဟင်...လင်း...ရောက်လာ..တာလား"
'လင်း'ကနောက်ကျောပေးကာရပ်နေတော့ 'ဆူး'ကထိုင်ခုံပေါ်မှာထိုင်ရင်း မှီရာခါးလေးကိုဖက်ရင်း မေးလိုက်သည်။(မူးနေတာတောင် 'လင်း'မျက်နှာကိုမမြင်ရဘဲနဲ့ နောက်ကျောလေးမြင်ရတောင် 'ဆူး'ကမှတ်မိပါတယ်။😍)
'ဆူး'လာဖက်တော့ 'လင်း'ဒေါသစိတ်အနည်းငယ်ပြေသွားကာ သူမရဲ့ခါးကိုဖက်ထားတဲ့'ဆူး'ရဲ့လက်ကလေးတွေကိုညင်ညင်သာသာဖြည်လိုက်သည်။ပြီးနောက် 'ဆူး'ရဲ့လက်နှစ်ဖက်ကိုထွေးပွေ့ကိုင်ပြီး 'ဆူး'ဘက်သို့မျက်နှာမူလိုက်ပါသည်။
"ဟုတ်တယ်...လင်းပါ ဆူးရဲ့...လင်း ရောက်လာတာ"
"လင်း....လင်း...သိလား...ဆူးတို့...ဆူးတို့...နမ်း..ကြရ..အောင်...ဆူးတို့...နမ်းကြ..မယ်..လေ"
ပြောရင်းနဲ့'လင်း'ရဲ့ဂုတ်ကိုသိုင်းဖက်ကာ 'ဆူး'ကနမ်းဖို့လုပ်လိုက်သည်။'ဆူး'ကထိုင်ရင်းနဲ့ 'လင်း'ရဲ့ခေါင်းကို သူမရဲ့မျက်နှာနားရုတ်တရက်ဆွဲလိုက်တာဆိုတော့ 'လင်း'လဲမတ်တပ်ရပ်ရင်း ခါးလေးကုန်းကာပါသွားရသည်။ပြီးမှကိုယ့်ကိုယ်ကိုထိန်းလိုက်ရတော့ သူမတို့ရဲ့မျက်နှာချင်းကနီးကပ်သွားပြီး နှုတ်ခမ်းချင်းကထိလုလုဖြစ်သွားသည်။အဲ့ဒီအခြေအနေမှာ 'ဆူး'ကမူးနေတာဆိုတော့ ဘာမှမဖြစ်ပေမယ့်၊'လင်း'ကအသိစိတ်ရှိနေတဲ့သူဆိုတော့ နှလုံးခုန်နှုန်းတွေမြန်လာရပြီး တံတွေးတွေလဲခဏခဏမျိုချနေရသည်။
ပြီးမှ 'ဆူး'ရဲ့လက်တွေကိုပြန်ဖြုတ်ပြီး သူမရဲ့လက်ထဲဆုပ်ကိုင်လိုက်သည်။
"ဘာဖြစ်လို့လဲ ဆူးရယ်...ဘာဖြစ်လို့ နမ်းရမှာလဲ...ဆူးက ဘာလို့နမ်းချင်ရတာလဲ...ဟင်"
YOU ARE READING
ချစ်သူ...သိစေ >>{Zaw+Uni}
Teen FictionZawgyi ~~~~~ ကိုယ်ဟာ သူများတွေလို ချစ်တာကို ချစ်တဲ့အကြောင်း ချစ်စကားတွေ တီတီတာတာမပြောတတ် လွမ်းတာကို လွမ်းတဲ့အကြောင်း အမူအရာတွေ မဖော်ပြတတ်ပေမယ့် ကိုယ့်အသက်ထက်ပိုပြီး ချစ်မြတ်နိုးရတယ်ဆိုတာကို ချစ်တဲ့သူ သိပါစေကြောင်း....။ Unicode ~~~~~ ကိုယ်ဟာ သူများတ...