ရုံးခန်းထဲတွင် 'ဆူး'အလုပ်လုပ်နေတုန်း 'ဝါဝါ့'ဆီမှဖုန်းဝင်လာသည်။
"ပြော...ဝါဝါ"
"ဆူးရေ....လင်းလက်.....လင်းလက်လေ...လင်းလက်..."
ဖုန်းကိုင်ကိုင်ချင်း 'ဝါဝါ'က 'လင်း'နာမည်ခေါ်ကာအထစ်ထစ်အငေါ့ငေါ့လုပ်နေတော့ 'ဆူး'စိုးရိမ်စိတ်တွေဖြစ်ပေါ်လာသည်။
"လင်း...လင်းက ဘာဖြစ်လဲ...လင်း ဘာဖြစ်လို့လဲဟင် ဝါဝါ...ငါ့ကို မြန်မြန်ပြောစမ်းပါ"
"လင်းလက်လေ...ကားအက်ဆီးဒင့်ဖြစ်လို့...အဲ့ဒါ ဆေးရုံကြီးရောက်နေတယ်"
ကြားပြီးပြီးချင်း သူမ,ထိုင်ရာမှထလိုက်ကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ထူပူသွားသည်။
"ဘ...ဘာ...လင်း အက်ဆီးဒင့်ဖြစ်လို့...ဟုတ္လား...လင်း ဘာဖြစ်သွားသေးလဲဟင် ဝါဝါ...လင်း တစ်ခုခုဆိုးဆိုးရွားရွားဖြစ်သွားလား...ဘယ္နားထိခိုက္သြားလဲ...တော်ပါပြီ..ငါကိုယ်တိုင်ပဲ ဆေးရုံကြီးကိုလိုက်သွားတော့မယ်...ဒါပဲ ဝါဝါ"
သူမ,လုပ်လက်စအလုပ်တွေအားလုံးကိုပစ်ထားခဲ့ကာ 'လင်း'နောက်ကိုစိုးရိမ်တကြီးလေး လိုက်လာခဲ့ပါသည်။
************************************
အက်ဆီးဒင့်မဖြစ်ခင်က>>>>>>>>
Clientနဲ့အပြင်မှာတွေ့ပြီး 'လင်း'ပြန်အလာ လမ်းတစ်ဝက်မှာ ကားအရှေ့ကိုကလေးလေးတစ်ယောက်ကရုတ်တရက်ကြီးဖြတ်ပြေးလိုက်သည်။ထို့နောက် 'လင်း'က ကလေးကိုမတိုက်မိအောင် ကားကိုအစွမ်းကုန်ကွေ့ချပစ်လိုက်ပါသည်။ကလေးကိုမတိုက်မိပေမယ့် ကလေးကလန့်ပြီးလဲကျသွားတော့ ပွန်းပဲ့ဒဏ်ရာတွေရသွားလေသည်။ထို့ကြောင့် ကလေးရဲ့ဒဏ်ရာတွေလဲကုရင်း၊တခြားအတွင်းဒဏ်ရာတွေလဲ ရသွားမှာစိုးသောကြောင့် နီးစပ်ရာဆေးရုံကြီးသို့ သူမတာဝန်ယူပြီးခေါ်လာခဲ့သည်။
ဆေးရုံကြီးရောက်တော့ ကိုယ့်အလှည့်ကိုစောင့်ပြီးရောက်သောအခါ ဆရာဝန်ကကလေးကိုဒဏ်ရာကုပေးနေစဉ် 'ဝါဝါ့'ကိုဖုန်းဆက်ခေါ်ထားသောကြောင့် 'လင်း'အပြင်ဘက်ကိုခဏထွက်ကြည့်လိုက်သည်။
"လင်း...လင်း..."
ထိုအခိုက် သူမဆီကိုနာမည်အော်ခေါ်ပြီးအပြေးကလေးလှမ်းလာတဲ့'ဆူး'ကိုတွေ့လိုက်ရသည်။သူမ,ထွက်ကြည့်တဲ့သူကတစ်ယောက်၊တွေ့လိုက်ရတဲ့သူကတစ်ယောက်၊ပြီးတော့ လုံးဝမထင်ထားတဲ့'ဆူး'ဖြစ်နေတာဆိုတော့ 'လင်း'အတော်လေးအံ့သြသွားသည်။
YOU ARE READING
ချစ်သူ...သိစေ >>{Zaw+Uni}
Teen FictionZawgyi ~~~~~ ကိုယ်ဟာ သူများတွေလို ချစ်တာကို ချစ်တဲ့အကြောင်း ချစ်စကားတွေ တီတီတာတာမပြောတတ် လွမ်းတာကို လွမ်းတဲ့အကြောင်း အမူအရာတွေ မဖော်ပြတတ်ပေမယ့် ကိုယ့်အသက်ထက်ပိုပြီး ချစ်မြတ်နိုးရတယ်ဆိုတာကို ချစ်တဲ့သူ သိပါစေကြောင်း....။ Unicode ~~~~~ ကိုယ်ဟာ သူများတ...