Part 3 {Unicode}

2.5K 211 1
                                    

"တူပြီလား?.."

"တူပြီ! "

"တူပြီဆို လာပြီ"

အိမ်ထဲမှာ 'ဆူးခက်ဝေ'နဲ့'လင်းလက်ဝေ'တို့ တူတူပုန်းတမ်းကစားနေကြသည်။အခုဆို သူတို့လေးတွေ(၅)နှစ်သားအရွယ်တောင်ရောက်နေကြပြီ။

"လင်း...လင်း ဘယ်မှာလဲ...ဘယ်နားမှာပုန်းနေတာလဲ...ဆူး ရှာလို့မတွေ့ဘူး...ညောင်းနေပြီ..အ ဟင့်...ဟင့်"

'ဆူး'တစ်ယောက် ၁မိနစ်၊၂မိနစ်လောက်လိုက်ရှာကာရှိသေး။ညောင်းတယ်ဆိုပြီး နေရာမှာတင်ထိုင်ချကာငိုမဲ့မဲ့လေးဖြစ်နေပြီ။

"ဆူး...ဆူး ညောင်းနေပြီလား..ထ..ထ.."

မီးဖိုချောင်စင်တွေနောက်မှာပုန်းနေတဲ့ 'လင်း'က 'ဆူး'ညောင်းနေတာလှမ်းတွေ့တော့ ချက်ချင်းပဲအရံှူးပေးကာ ပုန်းနေရာမှထွက်လာသည်။ပြီးတော့ 'ဆူး'ကိုထူပေးဖို့ လက်လှမ်းပေးလိုက်သည်။

'ဆူး'က 'လင်း'ရဲ့လက်လေး၂ဖက်ကိုအားကူထလိုက်ရင်း-

"လင်းကိုလိုက်ရှာရတာ ဆူးအရမ်းညောင်းတယ်...လင်းကဘယ်နေရာတွေ ပုန်းနေတာလဲ...ဆူး ခွေးရူးမလုပ်ချင်ဘူး"

"ဆူးက သေချာမှလိုက်မရှာတာ..သေချာရှာရင်တွေ့မယ့်ဟာကို"

"ဟင့်အင်း.မဟုတ္ဘူး....သေချာရှာတယ်လို့"

"အင်း..အင်း...အခု လင်းကခွေးရူးလုပ်ပေးမယ်နော်"

'ဆူး'တော့ အခုမှပြန်ပြုံးသွားပြီ။ဘာတမ်းဆော့ဆော့ 'ဆူး'ကသူမခွေးရူးကျပြီဆို မိနစ်ပိုင်းလောက်လုပ်လိုက်ရရင်ကိုငိုမဲ့မဲ့ဖြစ်လာ၊အဲ့ဒီအခါဆို 'လင်း'ကအရံှူးပေးပြီး ခွေးရူးပြန်လုပ်ပေးနေကျပေ။

"ဒါဆို လင်း.ခွေးရူးဖြစ်သွားပြီနော်...အခု ဆူးသွားပုန်းတော့မယ်...အကြာကြီးရှာနော်...ခဏလေးနဲ့ လာမတွေ့နဲ့"

'ဆူး'ကေခြးရူးကို အဲ့လိုပြောသေးတာ။😊

"အင်းပါ"

ခဏအကြာ-

"တူပြီ!! "

"တူပြီဆို လာပြီနော်...ဆူးက ဘယ်မှာပါလိမ့်...ရှာလို့လဲမတွေ့ဘူး..ဒီနားမွာမ်ားလား...ဟင်း...ဟုတ်လဲမဟုတ်ဘူး...ဘယ်နေရာမှာ ပုန်းနေပါလိမ့်နော်"

ခ်စ္သူ...သိေစ >>{Zaw+Uni}Where stories live. Discover now