'ဆူး'နဲ့'လင်း'တို့၂ယောက်သည် တက္ကသိုလ်ကျောင်းသူကြီးတွေဖြစ်လို့ စီးပွားရေးတက္ကသိုလ်ကိုအတူတူတက်ရောက်နေကြလေပြီ။
"လင်းရေ..မြန်မြန်လာတော့လေ...အခု တက်,တက်ချင်းအချိန် tutorialရှိတဲ့ဟာကို...နောက်ကျနေလိမ့်မယ်"
"လာပြီ.လာပြီ"
အိမ်အောက်ထပ်ကလှေကားရဲ့ညာဘက်မှာရှိတဲ့ သူမရဲ့အခန်းထဲမှ'လင်း'အမြန်ထွက်လာသည်။('ဆူး'တို့ရဲ့အိမ်က အောက်ထပ်မှာအခန်း၂ခန်းရှိပြီး၊လှေကားရဲ့ညာဘက်က'လင်း'အခန်း၊ဘယ်ဘက်က'ဒေါ်ဘုတ်'အခန်းဖြစ်သည်။အပေါ်ထပ်မှာတော့ အခန်း၃ခန်းရှိကာ၊'ဆူး'နဲ့သူမအဖေက တစ်ခန်းစီနေကြလေသည်။)
"ဘာလို့ ဒီလောက်ကြာနေရတာလဲ"
"လင်း ရေချိုးတာကြာသွားလို့ပါ ဆူးရဲ့...တောင်းပန်တယ်နော်.သွားကြရအောင်"
"အခုဆရာမက သူ့အချိန်ကိုနောက်ကျမှရောက်ရင် အခန်းထဲပေးမဝင်ပါဘူးဆိုနေ...tutorialမဖြေရတော့ရင် ဘယ္လိုလုပ္မလဲ...ဒီနေ့မှ ကွက်တိကြီးနောက်ကျနေရတယ်လို့"
နှုတ်ခမ်းလေးစူပုပ်ကာ 'ဆူး'ကပြောနေလေသည်။
"ဟုတ်ပါရဲ့...ပြောနေကြာပါတယ် ဆူးရယ်...လာ.လာ.မြန်မြန်သွားကြမယ်...အခုနေသွားရင် မှီပါသေးတယ်...ဦးလေးကို မြန်မြန်မောင်းခိုင်းတာပေါ့"
ခြေလေးဆောင့်ကာ စိတ်ဆိုးနေတယ်ဆိုတဲ့သဘောနဲ့ 'ဆူး'ကအနောက်ကလိုက်လာသည်။
"ဟင်...မိုးတွေအုံ့နေတာပဲ..ဒီနေ့ မိုးရွာမယ်ထင်တယ်..လေလေးလဲ နည်းနည်းတိုက်နေတယ်...ခဏလေးနော် ဆူး...လင်း အပေါ်ထပ်ကိုမြန်မြန်သွားလိုက်ဦးမယ်"
ကားပေါ်တက်တော့မည့်ဆဲဆဲ 'လင်း'ကရာသီဥတုအခြေအနေကိုကြည့်ကာ အိမ်ထဲကိုတစ်ခုခုလုပ်ဖို့ပြေးဝင်သွားသည်။'ဆူး'က ကားဘေးနားလေးရပ်ကျန်ခဲ့ကာ-
"လင်း...ဘာလုပ်ဦးမလို့လဲ.နောက်ကျနေပါပြီဆိုနေမှ"
"ခဏေလးပါ"
အပေါ်ထပ်လှေကားထစ်တွေပေါ်တက်ရင်းနဲ့ 'လင်း'ကပြန်ဖြေပေးရသေးသည်။
"အဲ့ဒီလင်းဟာလေ...ဘာတွေလုပ်နေမှန်းကို မသိဘူး...အရမ်းစိတ်ညစ်တယ်...အပေါ်ထပ်ကိုဘာလုပ်စရာများရှိလို့ တက္သြားရတာလဲ...tutorialရှိပါတယ်ဆို မဖြေတော့ဘူးလားမသိ..ပြောကို မပြောချင်တော့ပါဘူး"
YOU ARE READING
ချစ်သူ...သိစေ >>{Zaw+Uni}
Teen FictionZawgyi ~~~~~ ကိုယ်ဟာ သူများတွေလို ချစ်တာကို ချစ်တဲ့အကြောင်း ချစ်စကားတွေ တီတီတာတာမပြောတတ် လွမ်းတာကို လွမ်းတဲ့အကြောင်း အမူအရာတွေ မဖော်ပြတတ်ပေမယ့် ကိုယ့်အသက်ထက်ပိုပြီး ချစ်မြတ်နိုးရတယ်ဆိုတာကို ချစ်တဲ့သူ သိပါစေကြောင်း....။ Unicode ~~~~~ ကိုယ်ဟာ သူများတ...