Part 10 {Unicode}

2K 156 0
                                    

"ဘယ္လို!!...ငါ့သမီးလင်းလက်က မဟာတန်းဝင်တဲ့အပြင် ပညာတော်သင်သွားရမယ့်အထဲပါ,ပါတယ်တဲ့လား"

ဒီနေ့က တက္ကသိုလ်အောင်စာရင်းတွေထွက်တာကြောင့် 'ဆူး'ကတော့ရိုးရိုးပဲအောင်ပြီး၊'လင်း'ကေတာ့ Masterပါလို့ 'ဦးမင်းမင်းထက်'ကအံ့သြဝမ်းသာစွာမေးနေခြင်းဖြစ်သည်။

"ဟုတ်ကဲ့ လေးလေး"

"ဘယ်နှယောက်ပို့မှာလဲ သမီး"

"စုစုပေါင်း ၅ယောက်ပို့ပေးမှာပါလေးလေး"

"၅ယောက်ထဲပို့ပေးမှာတောင် ငါ့သမီးလင်းလက်ပါတယ်...တော်လိုက်တာ...လေးလေးတော့ အရမ်းဝမ်းသာတယ်.သိလား"

"ဒယ္ဒီ...ဒယ္ဒီက လင်းကိုပဲချီးကျူးနေတာ...လင်းအရမ်းတော်လို့ ချီးကျူးဝမ်းသာတာ လက်ခံပါတယ်...ကိုယ့်သမီးလေးအောင်တာတောင် ဂုဏ်ပြုမပေးတော့ဘူးလား.ဘာမွ မပြောတော့ဘူးလား.ပြော....ကိုယ့်သမီးအတွက်ကျ ဝမ်းမသာဘူးပေါ့လေ"

ဘေးနားလေးမှာထိုင်နေတဲ့'ဆူး'က သူ့ကျဘာမှမပြောလို့ စိတ်ကောက်လာပါပြီ။😣

"အောင်မလေးဗျာ...ဝမ်းသာပါတယ်ခင်ဗျာ.ဘယ့်နှယ့်ပြောလိုက်ပါလိမ့်...ကိုယ့်သမီးလေးအောင်တာကို ဝမ်းမသာတဲ့အဖေဘယ်မှာရှိပါ့မလဲ...အခုဟာက လင်းလက်ကအရမ်းတော်လို့ ဒယ်ဒီကဂုဏ်ပြုပေးနေတာပါ...ငါ့သမီးလေးက တစ်နှစ်တစ်တန်းအောင်,အောင် ကြိုးစားပေးခဲ့လို့ ကျေးဇူးတင်တယ်.နော်"

"ဟွန်း...သူများပြောမှ လာပြီးချော့နေတာ...ဒယ္ဒီ့ကို စိတ်ဆိုးတယ်"

"စိတ်ဆိုးတော်မမူပါနဲ့ဗျာ...ငါ့သမီးလေးက အခုတက္ကသိုလ်ကြီးပြီးဆုံးခဲ့ပြီဆိုတော့ ဒယ်ဒီကဂုဏ်ပြုပေးမယ်...လိုချင်တာတွေအကုန်ဝယ်ပေးမယ်..ကြိုက်တာ ပူဆာဗ်ာ...အကုန် ရရစေ့မယ်"

"တကယ်နော်"

"တကယ်ပါဗျာ...ဘာလိုချင်လဲ"

"အခုတော့ မသိသေးဘူး...စဉ်းစားလိုက်ဦးမယ်နော်"

"ဟုတ်ကဲ့ပါ"

သားအဖ၂ယောက်ကိုကြည့်ကာ 'လင်း'ကပြုံးနေသည်။ဧည့်ခန်းထဲမှာ 'ဦးမင်းမင်းထက်'ကတစ်ဖက်၊သူမတို့က မျက်နှာချင်းဆိုင်ကခုံမှာအတူတူတစ်ဖက် ထိုင်နေကြတာဖြစ်သည်။

ခ်စ္သူ...သိေစ >>{Zaw+Uni}Where stories live. Discover now