"တီ......တီ......တီ......"
'ဆူး' ကုမ္ပဏီကသူမရုံးခန်းထဲအလုပ်လုပ်နေစဉ် Vibrateလုပ်ထားတဲ့ဖုန်းလေးကမြည်လာသည်။ခေါ်တဲ့သူကိုကြည့်လိုက်တော့ သူငယ်ချင်းကြီး'ဝါဝါထွေး'။
"ပြော..မိဝါ"
"အောင်မယ်..သူကမ်ား ပြောတဲ့...ပြောရမှာက နင်..ငါမဟုတ္ဘူး...သူက ပြောင်းပြန်တွေလာလုပ်နေတယ်"
"ဘာ...ဝါဝါရာ...နင် ဘာတွေလာကြောင်နေတာလဲ...ငါ အခုအလုပ်မှာ.အားနေတာမဟုတ်ဘူး...နင်ပဲ ဖုန်းစခေါ်ပြီးတော့..နင်က ပြောရမှာလေ...နင် ဂေါက်သွားရင်လဲ ဆေးလေးသောက်လိုက်ဦး...နော်...ကိုယ်ကအရင်စခေါ်တာကိုလဲ သေချာပြန်ကြည့်လိုက်ဦး..ကြားလား"
"သိတယ်.သိတယ်...ငါအရင်ဖုန်းခေါ်တာ ကိုယ့်ကိုယ်ကိုသိပါတယ် မယ်ဆူးရယ်...နင့်ကိုပြော,ဆိုတာက လင်းလက်ပြန်ရောက်နေတဲ့ကိစ္စကို ငါ့ကိုမပြောပြလို့ပြောခိုင်းနေတာ...ပြောပါဦး...ဘာကိစ္စနဲ့ ငါ့ကိုမပြောတာတုန်း"
"ဘယ္လို...နင်...နင်က လင်းပြန်ရောက်တဲ့ကိစ္စကို ဘယ္လိုသိတာလဲ...လင်းက နင့်ကိုဆက်သွယ်တာလား"
သူမ,မသိအောင် 'ဝါဝါ့'ကိုဆက်သွယ်လားဆိုပြီး သိချင်သွားတာ။😅
"သူလား ဆက်သွယ်မှာ...ငါ့ကို သတိတောင်ရမှာမဟုတ်ဘူး...သူကလဲ လုံးလုံးမဆက်သွယ်သလို.နင်ကလဲ မပြောပြဘူးနော်...တော်တော်ကောင်းတဲ့သူငယ်ချင်းတွေ...လင်းလက်နဲ့အတူတူ ပညာတော်သင်အပို့ခံရတဲ့တခြားသူတွေပြန်ရောက်နေတာတွေ့လို့ဟေ့..အဲ့ဒါကြောင့်သိတာ...သူတို့များမပြောပြရင် ငါလုံးဝသိမှာမဟုတ်ဘူးနော်...ငါက နင်တို့သူငယ်ချင်းရောဟုတ်ရဲ့လား...ဟင်"
"ဝါဝါကလဲ..စိတ်မဆိုးပါနဲ့ဟာ..ငါမပြောပြမိတာ တောင်းပန်ပါတယ်..ငါ မေ့သွားလို့ပါဟာ...လင်းက မနေ့တုန်းကမှပြန်ရောက်တာရယ်..ငါကလဲအလုပ်ရှုပ်နေတော့ နင့်ကိုပြောပြဖို့သတိမရအားဘူး...အဲ့ဒါကြောင့်ပါ..နော် ချစ်သူငယ်ချင်းလေး"
"အခုမွ လာဖားမနေနဲ့..စိတ်ဆိုးတယ်...ဟိုအားနေတဲ့တစ်ယောက်ကို ပိုစိတ်ဆိုးတယ်...လင်းလက်ကို အမြင်လဲအရမ်းကပ်တယ်.ဒါပေမယ့်တွေ့လဲတွေ့ချင်နေတော့ အခုကိုယ်တိုင်သွားတွေ့ပြီးကို ရန်သွားလုပ်လိုက်ဦးမယ်...ငါ နင်တို့အိမ်ကိုသွားလိုက်ဦးမယ်.သိလား...ဒင်းနဲ့ အခုချက်ချင်းကိုရန်သွားဖြစ်လိုက်ဦးမယ်...ဒါပဲနော်..သိလား..ဆူး...ငါ ဖုန်းချလိုက်ပြီ"
YOU ARE READING
ချစ်သူ...သိစေ >>{Zaw+Uni}
Teen FictionZawgyi ~~~~~ ကိုယ်ဟာ သူများတွေလို ချစ်တာကို ချစ်တဲ့အကြောင်း ချစ်စကားတွေ တီတီတာတာမပြောတတ် လွမ်းတာကို လွမ်းတဲ့အကြောင်း အမူအရာတွေ မဖော်ပြတတ်ပေမယ့် ကိုယ့်အသက်ထက်ပိုပြီး ချစ်မြတ်နိုးရတယ်ဆိုတာကို ချစ်တဲ့သူ သိပါစေကြောင်း....။ Unicode ~~~~~ ကိုယ်ဟာ သူများတ...