Part 22 {Unicode}

2.1K 147 1
                                    

"မမေလး...ဒါက ဒီတစ်ပတ်အတွင်း ဆိုင်အားလုံးရဲ့အရောင်းစာရင်းပါ"

"အင်း...ပေး..."

ဆိုဖာမှာထိုင်ပြီး ဖုန်းသုံးရင်းအလုပ်လုပ်နေတဲ့'ဆူး'ကို 'လင်း'ကစာရင်းစာအုပ်တွေလာပြသည်။(ဖုန်းသုံးရင်းအလုပ်လုပ်တယ်ဆိုတာ 'ဆူး'တို့ကုမ္ပဏီကonline pageလဲထောင်ထားတော့ Onlineအရောင်းဌာနရဲ့အလုပ်လုပ်နေပုံတွေကိုစစ်ဆေးနေတာကိုပြောချင်တာပါ။)

ဖုန်းကိုခဏဘေးချကာ 'လင်း'လာပေးတဲ့စာရင်းတွေကို သူမ,အသေအချာကြည့်နေလေသည်။စာရွက်တွေတစ်ရွက်ပြီးတစ်ရွက်လှန်ရင်းနဲ့ သူမမျက်လုံးတွေကပြူးပြူးလာသည်။

"လင်း...လင်းတင်ခိုင်းထားတဲ့brandအသစ္က ရောင်းအားတွေအရမ်းတက်လာတာလား..ဟင်.."

"ဟုတ်တယ် မမေလး...အခုရက်ပိုင်း အဝယ်များလာတယ်...Brandအသစ္က တဖြည်းဖြည်း customerတွေကြားထဲနာမည်ကြီးလာပြီလေ"

"ဟုတ္လား...ကောင်းတယ်.ကောင်းတယ်...ကြည့်ပါဦး...အခု သူကBrandအားလုံးထဲမှာ ထိပ်ဆုံးကအဝယ်အများဆုံးဖြစ်နေတယ်...ပျော်လိုက်တာ...လင်းခိုင်းသလို ဒီbrandရဲ့ကိုယ်စားလှယ်အဖြစ်စာချုပ်ချုပ်လိုက်တာ မွန္သြားတာပဲ...လင်းက အရမ်းတော်တာပဲ"

အခုမှတော်တယ်လုပ်နေတာ။ဟိုတစ်နေ့က'လင်း'ကိုပြောဆိုဆူဆဲနေခဲ့တာ သူမဟုတ်ခဲ့တဲ့အတိုင်း။😒

"ဆူးတို့ကုမ္ပဏီတော့ အမြတ်တွေအများကြီးရတော့မယ်...ဆူးအရမ်းပျော်တာပဲ.သိလား...ပျော်လွန်းလို့ ဘယ်လိုလုပ်ရမှန်းမသိဘူး...အရမ်း.အရမ်းပျော်နေတယ်"

သူမ,အရမ်းကိုပျော်ရွှင်လွန်းလို့ ထိုင်ရာမှထကာ 'လင်း'ကိုဖက်လိုက်မိသည်။'လင်း'ကလဲ 'ဆူး'လာဖက်တော့ ဖွဖွလေးပြန်ဖက်လိုက်သည်။

"ဆူး အရမ်းပျော်နေတယ်.လင်း သိလား...လင်းကို ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး"

ဖက်နေရင်းနဲ့ 'ဆူး'ကပြောလိုက်သည်။

"ရပါတယ် မမလေးရယ်...ကျေးဇူးတင်စရာမလိုပါဘူး...လင်းအတွက်တော့ မမလေးပျော်နေရင်ရပါပြီ...က်န္တာ ဘာမွမလိုပါဘူး"

'လင်း'ကလဲ 'ဆူး'ပျော်နေတာမြင်တော့ သူမလဲထပ္တူ ရင်ထဲကလှိုက်လှိုက်လှဲလှဲပျော်ရွှင်ပြီး ပြုံးပြုံးလေးနဲ့ဖက်ထားရင်း ပြန်ဖြေလိုက်သည်။

ခ်စ္သူ...သိေစ >>{Zaw+Uni}Where stories live. Discover now