"ဒီမုန့်က ငါယူမှာ...ပေး..."
"ဒါပေမယ့် ငါအရင်ဦးထားတာလေ...ဆိုင်ကို ငါအရင်ရောက်တာ..ပြီးတော့ ငါ့လက်ထဲအရင်ရောက်နေပြီးသားဟာကို နင်ကဇွတ်လုနေတာလေ ဇာခြည်"
"နင့်ဖာသာ ဦးချင်ဦး.မဦးချင်နေ..ငါနဲ့မဆိုင်ဘူး...ဒီမုန့်ကို ငါစားချင်တယ်...အဲ့ဒီအတွက် ငါပဲရရမယ်...ပေး...ငါယူမှာ"
"မပေးဘူးဟာ...အရင်ဦးထားတဲ့သူက ပိုင်တယ်ဆိုတာ နင်မသိဘူးလား"
ကျောင်းမုန့်စားဆင်းချိန်တွင် 'လင်း'နှင့် 'ဇာခြည်'ဆိုတဲ့ကောင်မလေးတို့ အာလူးကြော်မုန့်လေး၁ထုပ်ကိုလုနေကြလေသည်။'လင်း'ကမုန့်ကိုအရင်ဦးထားပြီးသားကို 'ဇာခြည်'ကအတင်းလာလုနေခြင်းဖြစ်သည်။(အခုဆို 'လင်း'တို့တွေက(၈)တန်းတောင်ရောက်နေကြလေပြီ။)
"နင့်လိုအစေခံရဲ့သမီး.အစေခံအဆင့်က အရင်ဦးထားလဲအလကားပဲ...နင် ကိုယ့်အဆင့်ကိုယ်မသိဘူးလား...ငါနဲ့ယှဉ်လုစရာကို မလိုဘူး...ပေးဟာ.."
"လင်း!!!"
တခြားမုန့်ဆိုင်မှာမုန့်ဝယ်ပြီးပြန်လာတဲ့ 'ဆူး'က 'လင်း'ဆီကနေမုန့်ဇွတ်တင်းလုနေတဲ့မြင်ကွင်းကိုမြင်သွားပြီး 'လင်း'အနားအပြေးရောက်လာလေသည်။
"ဘာတွေဖြစ်နေတာလဲ လင်း...ဇာခြည်...နင် လင်းကိုဘာလုပ်နေတာလဲ"
"ဘာမှမလုပ်ပါဘူး...ငါ့မုန့်ကို တောင်းနေတာလေ"
"ဘာ နင့်မုန့်လဲ...ဒါ ငါအရင်ရထားတာ..ငါ့မုန့်လေ...လင်းက မုန့်ကိုအရင်ဦးထားပြီးသား ဆူးရဲ့...အဲ့ဒါကို သူကဇွတ်အတင်းလာလုနေတာ"
"ဟုတ်လား လင်း....ဇာခြည်.မုန့်ကို လင်းအရင်ဦးထားပါတယ်ဆို နင်ကဘာလို့လုနေရတာလဲ...နင်ဘာဖြစ်ချင်နေတာလဲ.ပြော..."
"နင့်ကိုငါ ဘယ်နှခါပြောရမလဲ လင်းလက်ဝေ...နင့်လိုအဆင့်က ဘယ်လိုပဲအရင်ရရ.ငါယူမယ်ဆို ပေးရမှာပဲ...နင်က ကိုယ့်နေရာကိုယ် နားမလည်ဘူးထင်တယ်...နင်နားလည်သွားအောင် ငါလုပ်ပေးရမှာပေါ့...အန်တီ.သမီး ဒီမုန့်ကို၁ထောင်နဲ့ဝယ်မယ်...သမီးကိုပဲ ရောင်းမယ်မလား"
"ဟင်...၁ထောင်နဲ့ဝယ်မယ်.ဟုတ်လား...သမီးက ဈေးနည်းတာလေးကို ၁ထောင်နဲ့ဝယ်မယ်ဆိုတော့ သမီးကိုပဲရောင်းရမှာပေါ့"
YOU ARE READING
ချစ်သူ...သိစေ >>{Zaw+Uni}
Teen FictionZawgyi ~~~~~ ကိုယ်ဟာ သူများတွေလို ချစ်တာကို ချစ်တဲ့အကြောင်း ချစ်စကားတွေ တီတီတာတာမပြောတတ် လွမ်းတာကို လွမ်းတဲ့အကြောင်း အမူအရာတွေ မဖော်ပြတတ်ပေမယ့် ကိုယ့်အသက်ထက်ပိုပြီး ချစ်မြတ်နိုးရတယ်ဆိုတာကို ချစ်တဲ့သူ သိပါစေကြောင်း....။ Unicode ~~~~~ ကိုယ်ဟာ သူများတ...