"ဘယ်လို!!...ငါ့သမီးလင်းလက်က မဟာတန်းဝင်တဲ့အပြင် ပညာတော်သင်သွားရမယ့်အထဲပါ,ပါတယ်တဲ့လား"
ဒီနေ့က တက္ကသိုလ်အောင်စာရင်းတွေထွက်တာကြောင့် 'ဆူး'ကတော့ရိုးရိုးပဲအောင်ပြီး၊'လင်း'ကတော့ Masterပါလို့ 'ဦးမင်းမင်းထက်'ကအံ့သြဝမ်းသာစွာမေးနေခြင်းဖြစ်သည်။
"ဟုတ်ကဲ့ လေးလေး"
"ဘယ်နှယောက်ပို့မှာလဲ သမီး"
"စုစုပေါင်း ၅ယောက်ပို့ပေးမှာပါလေးလေး"
"၅ယောက်ထဲပို့ပေးမှာတောင် ငါ့သမီးလင်းလက်ပါတယ်...တော်လိုက်တာ...လေးလေးတော့ အရမ်းဝမ်းသာတယ်.သိလား"
"ဒယ်ဒီ...ဒယ်ဒီက လင်းကိုပဲချီးကျူးနေတာ...လင်းအရမ်းတော်လို့ ချီးကျူးဝမ်းသာတာ လက်ခံပါတယ်...ကိုယ့်သမီးလေးအောင်တာတောင် ဂုဏ်ပြုမပေးတော့ဘူးလား.ဘာမှ မပြောတော့ဘူးလား.ပြော....ကိုယ့်သမီးအတွက်ကျ ဝမ်းမသာဘူးပေါ့လေ"
ဘေးနားလေးမှာထိုင်နေတဲ့'ဆူး'က သူ့ကျဘာမှမပြောလို့ စိတ်ကောက်လာပါပြီ။😣
"အောင်မလေးဗျာ...ဝမ်းသာပါတယ်ခင်ဗျာ.ဘယ့်နှယ့်ပြောလိုက်ပါလိမ့်...ကိုယ့်သမီးလေးအောင်တာကို ဝမ်းမသာတဲ့အဖေဘယ်မှာရှိပါ့မလဲ...အခုဟာက လင်းလက်ကအရမ်းတော်လို့ ဒယ်ဒီကဂုဏ်ပြုပေးနေတာပါ...ငါ့သမီးလေးက တစ်နှစ်တစ်တန်းအောင်,အောင် ကြိုးစားပေးခဲ့လို့ ကျေးဇူးတင်တယ်.နော်"
"ဟွန်း...သူများပြောမှ လာပြီးချော့နေတာ...ဒယ်ဒီ့ကို စိတ်ဆိုးတယ်"
"စိတ်ဆိုးတော်မမူပါနဲ့ဗျာ...ငါ့သမီးလေးက အခုတက္ကသိုလ်ကြီးပြီးဆုံးခဲ့ပြီဆိုတော့ ဒယ်ဒီကဂုဏ်ပြုပေးမယ်...လိုချင်တာတွေအကုန်ဝယ်ပေးမယ်..ကြိုက်တာ ပူဆာဗျာ...အကုန် ရရစေ့မယ်"
"တကယ်နော်"
"တကယ်ပါဗျာ...ဘာလိုချင်လဲ"
"အခုတော့ မသိသေးဘူး...စဉ်းစားလိုက်ဦးမယ်နော်"
"ဟုတ်ကဲ့ပါ"
သားအဖ၂ယောက်ကိုကြည့်ကာ 'လင်း'ကပြုံးနေသည်။ဧည့်ခန်းထဲမှာ 'ဦးမင်းမင်းထက်'ကတစ်ဖက်၊သူမတို့က မျက်နှာချင်းဆိုင်ကခုံမှာအတူတူတစ်ဖက် ထိုင်နေကြတာဖြစ်သည်။
YOU ARE READING
ချစ်သူ...သိစေ >>{Zaw+Uni}
Teen FictionZawgyi ~~~~~ ကိုယ်ဟာ သူများတွေလို ချစ်တာကို ချစ်တဲ့အကြောင်း ချစ်စကားတွေ တီတီတာတာမပြောတတ် လွမ်းတာကို လွမ်းတဲ့အကြောင်း အမူအရာတွေ မဖော်ပြတတ်ပေမယ့် ကိုယ့်အသက်ထက်ပိုပြီး ချစ်မြတ်နိုးရတယ်ဆိုတာကို ချစ်တဲ့သူ သိပါစေကြောင်း....။ Unicode ~~~~~ ကိုယ်ဟာ သူများတ...