Part 32 {Zawgyi}

961 47 0
                                    

"ဆူး....ဘယ်သွားမလို့လဲ...နေ့လည်စာ စားရတော့မှာကို"

နေ့ခင်းထမင်းစားချိန်တွင် 'ဆူး'ကအပြင်ထွက်သွားဖို့လုပ်နေလို့ 'လင်း'ကမေးလိုက်သည်။အခုဆို သူမတို့တွေက ချစ်သူဖြစ်ပြီးနောက်ပိုင်း ရုံးခန်းထဲမှာနေ့လည်စာအတူတူစားနေကြပြီလေ။

"လင်း...ဆောရီးပါ လင်းရယ်...လင်းကို ကြိုမပြောလိုက်ရဘူး...ဒီနေ့.နေ့လည်စာအတူတူစားဖို့ ရဲရဲနဲ့ချိန်းထားတယ်...လင်းကိုမပြောလိုက်မိလို့ တောင်းပန်တယ်နော်...ဒီနေ့တော့ လင်းတစ်ယောက်ထဲပဲ စားလိုက်တော့...နော်"

"ဟင်း.....ဘာလို့လဲ...လင်းနဲ့ပဲ အတူတူစားပါ...ကိုယ့်ချစ်သူနဲ့အတူတူမစားဘဲနဲ့ ဆူးကတခြားသူနဲ့သွားစားမလို့လား"

"ဟော်...ချိန်းထားပြီးသားပါဆိုနေမှ...ဒီနေ့တစ်ရက်ပဲဟာကို...သွားတော့မယ်...ထမင်းစားတော့"

"လင်း မစားချင်ဘူး...မသွားပါနဲ့လား ဆူးရယ်"

"သွားမှာပဲ...လင်းနော်..တော်တော့.ဘာမှထပ်မပြောနဲ့တော့...ဆူး ချိန်းထားတာနောက်ကျနေလိမ့်မယ်"

"ဆူးအတွက်တော့ သူများကပိုအရေးကြီးတာပေါ့လေ"

"လာပြီးရစ်နေတယ်.ဒုက္ခပဲ...နမို့ဆို ဆူးလဲမသွားပါဘူး...ရဲရဲက အရမ်းအရေးကြီးတယ်လို့ပြောလို့...သူငယ်ချင်းကအရေးကြီးနေပါတယ်ဆို ဆူးကဘယ်လိုလုပ်မသွားဘဲနေနိုင်ပါ့မလဲ...လင်း.ဆူးကိုနောက်ဆံတင်းအောင်မလုပ်ပါနဲ့...ဆူး စိတ်ရှင်းရှင်းလေးသွားပါရစေ"

"အင်းပါ.အင်းပါ...လင်းက အလကားစတာပါ...သွားတော့နော်...အစပ်တွေမစားမိစေနဲ့ဦး..တည့်တဲ့ဟာပဲစားနော်"

"အ.ဟင်း...မထင်ရင် ဆူးကခရီးဝေးကြီးသွားမှာကျနေတာပဲ"

"စိတ်ပူလို့ပါ"

"အင်းပါ...လင်းလဲ ထမင်းကုန်အောင်စားနော်...ဒါဆို ဆူးသွားပြီ...တာ့တာ"

"တာ့တာ"

နေ့လည်စာလေးအတူတူမစားရတာကို သူတို့မှာ ဖြစ်ပျက်နေကြတာ။😒😒

************************************

ထမင်းဆိုင်တစ်ဆိုင်တွင် 'ဆူး'နဲ့'ရဲရဲ'တို့,စားသောက်ပြီးသွားတဲ့အချိန်အထိ 'ရဲရဲ'ကဘာစကားတစ်ခွန်းမှမပြောသေး။ပြန်ချင်နေပြီဖြစ်တဲ့'ဆူး'က စိတ်မရှည်တော့ဘဲ သူမဘက်ကစမေးလိုက်ရသည်။

ချစ်သူ...သိစေ >>{Zaw+Uni}Where stories live. Discover now