Part 2 {Zawgyi}

1.5K 64 0
                                    

"ကိုကျော်သူရေ!!...မသီတာ ကလေးမွေးပြီဆို"

'ဦးမင်းမင်းထက်',သူ့တိုက်ကြီးရဲ့အနောက်ဘက်က 'ကိုကျော်သူ'တို့နေနေတဲ့ဂိုထောင်အိမ်ကြီးဆီ အပြေးရောက်လာပြီးအော်မေးလိုက်သည်။

"ဆရာ...ဟုတ်တယ် ဆရာ..သမီးလေးမွေးပြီခင်ဗျ"

"တော်တော်ကိုပျော်နေပုံပဲနော့်...ခင်ဗျားမျက်နှာကြီးကို ပြုံးဖြီးလို့"

"ဟုတ်ကဲ့ ဆရာ"

"ကျွန်တော် ကလေးကိုကြည့်ချင်တယ်ဗျာ...အထဲဝင်ခဲ့မယ်"

"ဝင်ပါ ဆရာ"

ထို့နောက် ဆရာတပည့်၂ယောက်သည် ကလေးနဲ့မိခင်ရှိရာအိပ်ခန်းထဲသို့ဝင်လိုက်ကြသည်။အထဲမှာ ကလေးဘေးနားကပ်လျက်'မသီတာ'ကလှဲအိပ်နေသည်။သူမဘေးမှာတော့ 'ဒေါ်ဘုတ်'ရှိနေလေသည်။

"မသီတာ..နေကောင်းရဲ့လား"

"ဟုတ်ကဲ့ ဆရာ..နေကောင်းပါတယ်"

"ရိုးရိုးပဲသဘာဝအတိုင်းမွေးလိုက်ရတယ်ဆို...ကိုယ်ကရောဂါသည်ပါဆို မသီတာရယ်...တော်သေးတာပေါ့..ရိုးရိုးမွေးလိုက်ရပေမယ့် ကလေးရောလူကြီးရော ကျန်းမာကြလို့"

"ဆရာဝန်ပြောထားတဲ့ရက်ထက် နည်းနည်းစောမွေးလိုက်လို့ ဆေးရုံသွားဖို့ကိုမမှီတော့တာ ဆရာရယ်"

"ဘယ်လိုပဲစောမွေးမွေးပေါ့..ကိုယ်ကအစကတည်းကိုက သူတို့ချိန်းထားတဲ့ရက်ထက်စောပြီး ဆေးရုံတက်ထားရမှာ...ဘာပဲပြောပြောပါ.အခု ကျန်းကျန်းမာမာရှိတော့ အဆင်ပြေသွားပါပြီ...ကြည့်ပါဦး.....ကလေးလေးကဖြူဖြူလုံးလုံးလေးနဲ့ ချစ်စရာလေးပါလား...တော်တော်ချစ်စရာကောင်းတာပဲ..မျက်နှာလေးလဲချိုနေတာပဲ"

ကလေးလေးကိုငုံ့ကြည့်ရင်း 'ဦးမင်းမင်းထက်'ကပြောလိုက်သည်။

"ကိုကျော်သူရေ..ခင်ဗျားသမီးကအလှလေးပါလား...ဒါ အမေနဲ့တူလို့ပဲ...အမေနဲ့တူလို့လှသွားတာ...ကိုကျော်သူ.ခင်ဗျားနဲ့သာတူခဲ့ရင်တော့ ဒီလိုချစ်စရာလေးမွေးလာမှာမဟုတ်ဘူးနော်"

သူ့တပည့်ကိုစနေလေသည်။'ကိုကျော်သူ'ကတော့ ခေါင်းကြီးကုတ်ပြီးပြုံးမြဲပြုံးလို့။

ချစ်သူ...သိစေ >>{Zaw+Uni}Where stories live. Discover now