ရုံးခန်းထဲတွင် 'လင်း'တစ်ယောက်ထဲအလုပ်လုပ်နေတုန်း 'ရဲကျော်နိုင်'ရောက်လာသည်။'လင်း'စိတ်ကသိကအောက်ဖြစ်သွားပေမယ့် ဧည့်သည်မို့လို့ထိုင်ခိုင်းကာ အအေးဖြင့်ဧည့်ခံနေလိုက်သည်။
"မလင်းလက်ဝေ.ဆူးကောခင်ဗျ"
"ဆူး..အဲ...မမေလးက အပြင်ကိုclientတွေ့ဖို့ထွက်သွားတယ် ကိုရဲကျော်နိုင်...နည်းနည်းတော့ ကြာဦးမယ်ထင်တယ်"
'ဆူး'နဲ့မတွေ့စေချင်လို့ သူမ,လျှောက်ပြောလိုက်တာ။
"ဟုတ္လား...ကြာလဲ ကျွန်တော်.ဆူးနဲ့တွေ့ချင်လို့...ဘယ်လောက်ကြာကြာ စောင့်လိုက်ဦးမယ်နော်"
"အော်.ဟုတ်ကဲ့..ရပါတယ်ရှင့်...စောင့်ပါ"
သူမရဲ့အတွေးကိုသိသွားတယ်ထင်ပြီး ပြုံးဖြဲဖြဲနဲ့ဖြေလိုက်ရသည်။😆
"ဒါနဲ့ ဆူးနဲ့မလင်းလက်ဝေနဲ့က တော်တော်ရင်းနှီးတယ်လား...ဆူးက တခြားသူတွေထက် မလင်းလက်ဝေအပေါ်အတော်သံယောဇဉ်ရှိတဲ့ပုံပဲ...ကျွန်တော် မြင်မိတာပေါ့လေ...အလုပ်ရှင်နဲ့ဝန်ထမ်း ဆက်ဆံရေးလိုမဟုတ်သလိုပဲဗျ...အဲ့ဒါကြောင့်ပါ"
"ဟုတ်ပါတယ်..ကိုရဲကျော်နိုင်ထင်သလိုပဲ.အလုပ်ရှင်နဲ့ဝန်ထမ်းဆက်ဆံရေးတော့ မဟုတ်ဘူးရှင့်...အရင်တုန်းကတော့ လင်းတို့ကသူငယ်ချင်းဆိုလဲဟုတ်တယ်.ညီအစ္မဆိုလဲဟုတ္တာပဲ...ပြောရရင် လင်းနဲ့မမလေးကသူငယ်ချင်းအရင်းကြီးတွေဖြစ်ခဲ့တာပေါ့...အဲ့ဒါကြောင့်မို့လို့ တခြားသူတွေထက်ပိုရင်းနှီးနေတယ်ထင်ရတာပါ...ဒါပေမယ့် အခုတော့မဟုတ်တော့ပါဘူးလေ"
အတိတ်ကခင်ခဲ့တဲ့အကြောင်းလေးတွေကိုပြန်မြင်ယောင်ရင်း 'လင်း'ကပြောပြနေလေသည်။
"ဟုတ္လား...ဘာလို့လဲဗျ...ကျွန်တော့်ကို စပ်စုတယ်မထင်ပါနဲ့..တကယ်သိချင်လို့ပါ....သူငယ်ချင်းအရင်းကြီးတွေကနေ ဘယ်လိုဖြစ်တာလဲဗျာ"
"အားလုံးက လင်းကြောင့်ပါပဲ...လင်းအမှားတွေကြောင့်ပါ...ခွင့်မလွှတ်နိုင်တဲ့အမှားတွေကိုလင်းကလုပ်ခဲ့မိလို့ ဆူးကအရမ်းမုန်းသွားတာလေ..အ.ဟင်း..."
"ဘယ်လိုအမှားတွေမို့လို့လဲဗျာ...အိုး..ဆောရီး...ကျွန်တော်က မလင်းလက်ဝေတို့ရဲ့personalတွေအထိပါ ဝင်စွက်ဖက်သလိုဖြစ်နေပြီ"
YOU ARE READING
ချစ်သူ...သိစေ >>{Zaw+Uni}
Teen FictionZawgyi ~~~~~ ကိုယ်ဟာ သူများတွေလို ချစ်တာကို ချစ်တဲ့အကြောင်း ချစ်စကားတွေ တီတီတာတာမပြောတတ် လွမ်းတာကို လွမ်းတဲ့အကြောင်း အမူအရာတွေ မဖော်ပြတတ်ပေမယ့် ကိုယ့်အသက်ထက်ပိုပြီး ချစ်မြတ်နိုးရတယ်ဆိုတာကို ချစ်တဲ့သူ သိပါစေကြောင်း....။ Unicode ~~~~~ ကိုယ်ဟာ သူများတ...