CEOရုံးခန်းထဲတွင် 'ဆူး'နှင့် 'အောင်မြင်ထွန်း'ဟုခေါ်သည့်ဖောက်သည်အသစ်တစ်ယောက်တို့ စာချုပ်ချုပ်နေကြသည်။စာချုပ်မှာ လက်မှတ်ကိုယ်စီထိုးကြပြီးနောက်-
"အစတုန်းက ကျွန်တော်က ကိုယ်စားလှယ်ယူဖို့အထိစိတ်ကူးမရှိသေးဘူးဗျ...ကျွန်တော့်ဆိုင်အတွက် လက်ကားပဲယူပြီးရောင်းဖို့စိတ်ကူးထားတာ"
"အခုလိုကိုယ်စားလှယ်ယူတာ ပိုပြီးတော့အကျိုးအမြတ်တွေခံစားခွင့်ရှိတာပေါ့ ကိုအောင်မြင်ထွန်း....လက်ကားပဲယူရင် အများဈေးနဲ့ရတာလေးတစ်ခုပဲလေ...ကျန်တာဘာမှ ခံစားခွင့်မရှိဘူးရယ်"
"ဟုတ်ကဲ့..အဲ့ဒီလိုမျိုးတွေကို အသေးစိတ် မလင်းလက်ဝေကရှင်းပြပေးခဲ့လို့ ကျွန်တော်သိခဲ့ရပါတယ်...သူကကျွန်တော့်ကို ဒီလိုကိုယ်စားလှယ်ယူဖို့အထိ အတင်းမဲဆွယ်တာဗျ...မလင်းလက်ဝေက စကားပြောတော်တော်ကောင်းတယ်..သူ့ဘက်ပါအောင် ဆွဲဆောင်နိုင်တယ်ဗျာ...ကျွန်တော်လဲ သူ့စကားထဲမျောသွားပြီးတော့ ကိုယ့်ကိုယ်ကိုဘယ်လိုခေါင်းညိတ်လိုက်မိလဲတောင် မသိပါဘူး"
"အ.ဟင်း..ဟင်း...ဟုတ်ကဲ့ရှင့်"
'လင်း'အကြောင်းတွေကို 'အောင်မြင်ထွန်း'ကရေပက်မဝင်ပြောနေတော့ 'ဆူး'စိတ်တွေတိုလာသည်။စိတ်ကိုထိန်းပြီးတော့ မကောင်းတတ်လို့သာ ပြုံးပြီးဖြေပေးနေရသည်။
"မလင်းလက်ဝေက ဒီကုမ္ပဏီရဲ့ဘယ်လိုရာထူးလဲဗျ"
"ဆူးရဲ့ လက်ထောက်ပါ"
"ဟုတ်လား...CEOရဲ့လက်ထောက်မို့လို့ ဒီလောက်တော်နေတာမအံ့သြတော့ပါဘူး...မလင်းလက်ဝေက တကယ်တော်တယ်နော်...စကားပြောတာလေးကနူးညံ့ပြီး ချိုချိုသာသာလေးဗျာ...နားထောင်တဲ့သူက အရမ်းစိတ်ချမ်းသာရတာပေါ့"
"ဟုတ်ကဲ့"
တစ်ခွန်းတည်းသာဖြေပြီး စိတ်တွေတိုလွန်းလို့ လက်နှစ်ဖက်ကိုအတင်းဆုပ်ပြီး 'ဆူး'တစ်ယောက် စိတ်ထိန်းထားရလေသည်။
"မလင်းလက်ဝေက ဘယ်နားမှာအလုပ်လုပ်တာလဲဗျ...ကျွန်တော် ဒီအပေါ်ဆုံးထပ်အထိသာ တက်သာလာခဲ့တာ...ဘယ်နေရာမှာမှ မတွေ့ခဲ့ဘူး"
YOU ARE READING
ချစ်သူ...သိစေ >>{Zaw+Uni}
Teen FictionZawgyi ~~~~~ ကိုယ်ဟာ သူများတွေလို ချစ်တာကို ချစ်တဲ့အကြောင်း ချစ်စကားတွေ တီတီတာတာမပြောတတ် လွမ်းတာကို လွမ်းတဲ့အကြောင်း အမူအရာတွေ မဖော်ပြတတ်ပေမယ့် ကိုယ့်အသက်ထက်ပိုပြီး ချစ်မြတ်နိုးရတယ်ဆိုတာကို ချစ်တဲ့သူ သိပါစေကြောင်း....။ Unicode ~~~~~ ကိုယ်ဟာ သူများတ...