"ဒေါက်...ဒေါက်..."
အလုပ်သွားရန် မှန်တင်ခုံရှေ့တွင် 'ဆူး'ဖြီးလိမ်းပြင်ဆင်နေတုန်း တံခါးခေါက်သံပေါ်လာသည်။ဝင်လာတဲ့သူက တခြားသူမဟုတ်ပါဘူး၊'လင်း'ပါ။
"ဆူး....လင်း ပြောစရာလေးရှိလို့...အခန်းထဲ ဝင်ခဲ့ပြီနော်"
ပြောရင်းနဲ့ 'လင်း'က ခုတင်ဖျားနားမှာဝင်ထိုင်လိုက်သည်။ခုတင်က မှန်တင်ခုံနဲ့ကပ်လျက်ဆိုတော့ 'ဆူး'ထိုင်နေတဲ့နားကပ်လျက်က ခုတင်ဖျားနေရာလေးမှာထိုင်လိုက်တာပါ။
"ဝင်ခဲ့ပေါ့...အခန်းထဲဝင်တာများ ခွင့်တောင်းနေရသေးလား...ပြော..ဘာပြောစရာရှိလို့လဲ"
"တခြားတော့ မဟုတ်ပါဘူး...ဟိုဟာလေ...ဆူး ပြောထားတယ်မဟုတ်လား...လင်းပေးခဲ့တဲ့လက်ဆောင်တွေကို သိမ်းထားတယ်လို့လေ"
"အင်းလေ...မယုံလို့လား...သိမ်းထားပါတယ်ဆို"
"မဟုတ်ပါဘူး...မယုံလို့ မဟုတ်ဘူး..အဲ့ဒါ လင်းတောင်းဆိုချင်တာလေးရှိလို့...လင်းပေးခဲ့တဲ့ထဲမှာ နာရီလေးပါတယ်လေ...အဲ့ဒီနာရီလေး ပတ်ပါလားလို့ပြောချင်လို့...လင်းကလေ..ဆူးက ကျန်တဲ့ဟာတွေမဝတ်မစားပေမယ့် နာရီတော့အမြဲပတ်တော့ နာရီလေးကိုမွေးနေ့လက်ဆောင်အဖြစ်ဝယ်ပေးလိုက်တာ...အရင်တုန်းက စိတ်ဆိုးပြီးမပတ်ပေမယ့် အခုပတ်ပေးပါလားဟင်"
"ဘာလို့လဲ...အခုမှ လာပြီးပတ်ခိုင်းနေတယ်"
"ဘာရယ်တော့ မဟုတ်ပါဘူး...ကိုယ်ဝယ်ပေးထားတဲ့နာရီလေးကို ကိုယ့်ချစ်သူကိုပတ်စေချင်တာကြောင့်ပါ...နော်...လင်းက လင်းဝယ်ပေးခဲ့တဲ့လက်ဆောင်လေးတွေကို ဆူးသုံးတာအရမ်းမြင်ချင်ခဲ့တာ...တောင်ကြီးတုန်းက ပုဝါလေးပတ်ထားတုန်းကဆို လင်းအရမ်းပျော်တာပဲ...လင်းရဲ့လက်ဆောင်လေးကို မှတ်မှတ်ရရအသုံးပြုပေးလို့လေ"
"လက်ဆောင်လေးကိုများ ဖြစ်ပျက်နေတာပဲ..အင်းပါ.အင်းပါ...သုံးပေးမယ်.သိလား...အခုပဲ လင်းပေးတဲ့နာရီပတ်လိုက်မယ်...ဒီလောက်တောင် ဖြစ်တာ...နာရီမပျက်မချင်းကို လင်းပေးတဲ့နာရီပဲပတ်မယ်...ကျေနပ်ပြီလား"
YOU ARE READING
ချစ်သူ...သိစေ >>{Zaw+Uni}
Teen FictionZawgyi ~~~~~ ကိုယ်ဟာ သူများတွေလို ချစ်တာကို ချစ်တဲ့အကြောင်း ချစ်စကားတွေ တီတီတာတာမပြောတတ် လွမ်းတာကို လွမ်းတဲ့အကြောင်း အမူအရာတွေ မဖော်ပြတတ်ပေမယ့် ကိုယ့်အသက်ထက်ပိုပြီး ချစ်မြတ်နိုးရတယ်ဆိုတာကို ချစ်တဲ့သူ သိပါစေကြောင်း....။ Unicode ~~~~~ ကိုယ်ဟာ သူများတ...