CEOရုံးခန်းထဲတွင် 'ဆူး'ကဆိုဖာပေါ်မှာထိုင်ပြီး အပ်ထားတဲ့ပစ္စည်းရဲ့ဗီနိုင်းပုံတွေရလာလို့ စားပွဲပေါ်မှာတင်ကြည့်နေသည်။သေချာကြည့်ပြီးနောက် သူ့နေရာမှာသူ,အလုပ်လုပ်နေတဲ့'လင်း'ကိုလှမ်းခေါ်လိုက်သည်။
"လင်း..."
"ဟင်"
"လင်း အလုပ်ရှုပ်နေတာလားဟင်"
"လင်းက ရပါတယ်..မမေလးက ဘာလုပ်မလို့လဲ..ဘာလိုချင်လို့လဲ.ပြောလေ"
"လင်းကို ခဏခိုင်းစရာရှိလို့...ဆူးတို့အသစ်တင်ထားတဲ့ ပစ္စည်းသစ်အခြေအနေလေးသိချင်လို့လေ...အခု ရောင်းအားဘယ်လိုဖြစ်နေပြီလဲကြည့်ရအောင်...လင်းရဲ့အလုပ်ကိုခဏဖြတ်ပြီး အဲ့ဒီစာရင်းလေးလာပြပေးပါလား"
"အဲ့ဒါကေလ...မမေလး..."
"ဘာလဲ..စာရင်းလုပ်ထားတာ မရှိသေးလို့လား"
"မဟုတ်ပါဘူး...လင်းမှာ စာရင်းရှိပါတယ်...အဲ့ဒါကို အခုမကြည့်သေးဘဲ နောက်မှကြည့်လို့မရဘူးလား မမေလး...အခု ကြည့်မှဖြစ်မှာလား"
'လင်း'ကစာရင်းလေးပြဖို့ အင်တင်တင်ဖြစ်နေတော့ 'ဆူး'စိတ်ပေါက်လာပြီလေ။
"အခုကြည့်ချင်လို့ လာပြပေးလို့ပြောနေတာပေါ့...ဘာကိစ္စ နောက်မှကြည့်ခိုင်းချင်နေရတာလဲ...လင်း ဘာတွေဖြစ်နေတာလဲ.ပြော...အခုဆို အခုချက်ချင်းလာပြ...ပြောရဆိုရတာမောလိုက်တာ...ဒီဟာလေးလာပြဖို့အရေး အချိန်ဆွဲချင်နေသေးတယ်...လာတော့...အခုချက်ချင်း စာရင်းတွေလာပြ"
"ဟုတ်ကဲ့ပါ"
'လင်း'မထချင်ထချင်နဲ့ နေရာမှထလာကာ 'ဆူး'ကိုပစ္စည်းသစ်ရဲ့ရောင်းအားစာရင်းစာအုပ်လေးပေးလိုက်သည်။'ဆူး'ကလှမ်းယူလိုက်ပြီး-
"ထိုင်လေ...ဘာလို့ မတ်တပ်ကြီးရပ်နေတာတုန်း...မသိရင် တစ်ယောက်ယောက်ကအပြစ်ပေးထားတာကျနေတာပဲ...တခြားသူတွေမြင်ရင် ဆူးကနှိပ်စက်နေတယ်ထင်ကြမှာ"
"မမေလးက လင်းနဲ့အတူတူမထိုင်ချင်ဘူးထင်လို့ပါ"
"မထိုင်ချင်ပါဘူး...ဒါပေမယ့် သူများတွေရဲ့အတင်းပြော,မခံနိုင်ဘူး...ထိုင်...ခပ်ခွာခွာတော့ထိုင်နော်"
YOU ARE READING
ချစ်သူ...သိစေ >>{Zaw+Uni}
Teen FictionZawgyi ~~~~~ ကိုယ်ဟာ သူများတွေလို ချစ်တာကို ချစ်တဲ့အကြောင်း ချစ်စကားတွေ တီတီတာတာမပြောတတ် လွမ်းတာကို လွမ်းတဲ့အကြောင်း အမူအရာတွေ မဖော်ပြတတ်ပေမယ့် ကိုယ့်အသက်ထက်ပိုပြီး ချစ်မြတ်နိုးရတယ်ဆိုတာကို ချစ်တဲ့သူ သိပါစေကြောင်း....။ Unicode ~~~~~ ကိုယ်ဟာ သူများတ...