Part 31 {Zawgyi}

916 45 0
                                    

'လင်း'ရဲ့ဖွင့်ဟဝန်ခံမှုကြောင့် 'ဆူး'ဘာပြန်ပြောလို့ပြောရမှန်းမသိ ဆွံ့အသွားရသည်။😶😶

"ဘ.....ဘာ......လင်း ဘာပြောလိုက်တယ်? "

"ဆူးကိုချစ်လို့...လင်းက ဆူးကိုချစ်နေလို့ နမ်းခဲ့တာလို့ပြောလိုက်တာ"

"ချစ်လို့...ဟုတ်လား...ချစ်တာများ အဆန်းလုပ်လို့...လင်းပဲ ချစ်တာလား..ဆူးလဲ လင်းကိုချစ်တာပဲလေ...အဲ့ဒီလိုချစ်ရုံနဲ့ နမ်းစရာလား"

"မဟုတ်ဘူး...လင်းက ဆူးလိုချစ်တာမဟုတ်ဘူး...လင်း.ဆူးကိုချစ်တယ်ဆိုတာ...ညီအစ်မတွေလို.သူငယ်ချင်းတွေလိုအချစ်မျိုးနဲ့ချစ်တာမဟုတ်ဘူး...လင်းက ဆူးကိုချစ်သူလိုအချစ်မျိုးနဲ့ချစ်တာ...၁၅၀၀အချစ်နဲ့ ဆူးကိုချစ်နေမိတာ..သိရဲ့လား....အဲ့ဒါကြောင့်...အဲ့ဒီလိုမျိုးချစ်နေမိလို့ ဆူးကိုနမ်းခဲ့တာ"

'လင်း'ဘာကိုမှကြောက်မနေတော့ပါဘူး၊အကုန်လုံးကိုရင်ဆိုင်မယ်ဆိုတဲ့စိတ်နဲ့ သူမရဲ့ခံစားချက်တွေကို အမှန်အတိုင်းဝန်ခံလိုက်တော့တယ်လေ။

"ဘာ....လင်းက ဆူးကိုချစ်သူလိုမျိုးချစ်ရအောင်...လင်း ရူးနေလား...ရူးသွားပြီလား...ဟင်"

"လင်း ရူးနေတာမဟုတ်ဘူး...လင်းလဲ ဘာလို့ဒီလိုချစ်သွားမိတာလဲဆိုတာ မသိဘူး...ဆူးကိုချစ်သူလိုမျိုးချစ်မိလို့ ဆူးကရူးတယ်လို့သတ်မှတ်ရင်လဲ ရူးတယ်ပဲထားလိုက်ပါတော့...ဟုတ်တယ်...ဆူးကိုချစ်မိလို့ လင်းရူးတော့မယ်ထင်တယ်"

"လင်းက အရူးပဲ...လင်းက အရူး...တော်တော်ကို ရူးနေပြီ.သိလား"

"လင်း တောင်းပန်ပါတယ်ဆူးရယ်...ဒါပေမယ့် ဒါတွေကအမှန်တရားတွေပဲ...ဆူးကို လင်းချစ်တယ်.သိလား...ဆူးကို ချစ်နေမိတယ်ဆိုတာ အမှန်ပဲ"

"တော်ပြီ.တော်ပြီ...လင်း ထပ်မပြောနဲ့တော့...သွား..ထွက်သွား...အခန်းထဲက အခုထွက်သွားပေး...လင်းကို ဆူး.လုံးလုံးမမြင်ချင်ဘူး...ဆူးရှေ့မှာ အရိပ်အယောင်လေးတောင်ပေါ်မလာမိစေနဲ့...လင်းကို မုန်းတယ်..ဆူးကို စိတ်ရှုပ်အောင်လာလုပ်တယ်...ထွက်သွားတော့"

"လင်း တောင်းပန်ပါတယ် ဆူးရယ်...တကယ်ကို တောင်းပန်ပါတယ်"

'လင်း'ကတောင်းပန်ကာထွက်သွားပြီးနောက် 'ဆူး'ကတော့ခေါင်းတွေရှုပ်ကာ ကျန်ရစ်ခဲ့ပါသည်။

ချစ်သူ...သိစေ >>{Zaw+Uni}Where stories live. Discover now