Part 5 {Unicode}

2.3K 180 1
                                    

"ရင်ခုန်လိုက်တာ..ရင်ခုန်လိုက်တာ...လင်းရဲ့နှလုံးကြီး အရမ်းခုန်လွန်းလို့ပေါက်ထွက်တော့မယ်ထင်တယ် ဆူးရယ်"

"လင်းကလဲ...လင်း အောင်ပါတယ်...ဘာကိစ္စ ဒီလောက်ရင်ခုန်နေရတာတုန်း...ဆူးကိုလဲ အားနာပါဦး...ဆူးကသာ အဖြေဘယ်လိုထွက်လာမလဲမသိဘူး...ဆူးကိုလဲ သနားဦး"

(၁ဝ)တန်းအောင်စာရင်းထွက်မယ့်နေ့မှာ သူမတို့နှစ်ယောက်က အောင်စာရင်းကြည့်ဖို့ကျောင်းရှေ့ကိုရောက်နေကြသည်။သူမတို့ရောက်တာအစောကြီးမို့လို့ စာရွက်တောင်မကပ်သေး။

"ဆူးလဲအောင်ပါတယ် ဆူးရဲ့...လင်းရင်ခုန်တာက Dပါချင်လို့ပါ...အဲ့ဒါ စိုးရိမ်လို့"

"ပါမွာပါ...လင်းက အနည်းဆုံး၁ခုတော့ ပါမှာသေချာတယ်"

"အဲ့လိုပဲဆုတောင်းပါတယ်..အဲ.ဟိုမွာ ဆရာမတစ်ယောက်ထွက်လာပြီ ဆူး...အောင်စာရင်းစာရွက် ကပ်တော့မယ်ထင်တယ်...လင်း သွားကြည့်လိုက်မယ်..ဆူး နေခဲ့နော်"

"လူတွေအများကြီးနဲ့ ဘာလို့သွားတိုးမှာလဲ လင်းကလဲ...စိတ်ရှုပ်စရာကြီးကို"

"ဟုတ်တယ်လေ..လူတွေကအရမ်းများနေလို့ ဆူးကိုနေခဲ့ခိုင်းတာ...တော်ကြာ လူတွေကြားထဲအရမ်းတိုးလို့ ဆူးခိုင်းမိနေမှာစိုးလို့"

"ဟင့်အင်း...လင်းလဲ မသွားနဲ့လေ...လူရှင်းပြီဆိုတော့မှ သွားကြည့်ကြရအောင်..နော်"

"ဒါပေမယ့် လင်းကအမြန်ကြည့်ချင်နေပြီ...resultကို အရမ်းသိချင်နေပြီ...နော်...လင်း မစောင့်နိုင်တော့လို့ပါ ဆူးရယ်...လင်း အမြန်သွားကြည့်ပြီး ပြန်လာခဲ့မယ်နော်...ဆူးက ဒီမှာပဲစောင့်နေခဲ့"

'လင်း'ရဲ့တောင်းဆိုနေတဲ့သနားစဖွယ်မျက်နှာလေးကြောင့် 'ဆူး'မတားရက်နိုင်တော့ဘဲ ခွင့်ပြုကာခေါင်းလေးငြိမ့်ပြလိုက်သည်။

"ဒါဆို လင်းမြန်မြန်သွားလိုက်မယ်နော်"

"လင်း...ဆူးပါ လိုက်ခဲ့မယ်"

'ဆူး'က ထွက်သွားတော့မယ့်'လင်း'ရဲ့လက်ကလေးကိုလှမ်းတွဲလိုက်သည်။

"ဒါပေမယ့်.."

"ဆူး လိုက်ခဲ့မယ်...လင်းတစ်ယောက်ထဲ လူတွေကြားထဲမလွှတ်လိုက်နိုင်ပါဘူး...တူတူသွားကြမယ်"

ခ်စ္သူ...သိေစ >>{Zaw+Uni}Where stories live. Discover now