'ဆူး'ကို'လင်း'စောင့်နေခဲ့တာ ညနေရုံးဆင်းခါနီးအချိန်မှပဲ ရောက်လာတော့သည်။'အိဖြူ'ကတော့ မစောင့်နိုင်လို့ပြန်သွားပေပြီ။'လင်း'လဲ အခုမှပဲ စားပွဲမှာထိုင်ပြီး အလုပ်တွေတရစပ်လုပ်ရတော့သည်။'ဆူး'စိတ်နဲ့ဘာအလုပ်မှမလုပ်ဘဲ မျှော်နေခဲ့ရတာကိုး။
"အ..."
အလုပ်စားပွဲမှအထ 'လင်း'ခေါင်းမူးပြီး ယိုင်လဲမလိုဖြစ်သွားပါသည်။တကယ်တော့ 'လင်း'ကအားနည်းနေတာပါ၊'ဆူး'စိတ်ဆိုးနေတဲ့၂ရက်အတွင်း အစားလဲသိပ်မစားဖြစ်ဘဲ အလုပ်တွေပဲဖိလုပ်နေခဲ့တာကိုး။
"လင်း...လင်း ဘာဖြစ်တာလဲဟင်...ရရဲ့လား"
'လင်း'အဲ့ဒီလိုဖြစ်သွားတော့ 'ဆူး'ကအမြန်ပြေးလာကာ စိုးရိမ်တကြီးလေးမေးလိုက်သည်။
"လင်း ဘာမှမဖြစ်ပါဘူး...ရပါတယ်"
"ဘာလို့ ဘာမှမဖြစ်ရမှာလဲ...လာ.လာ...ဆိုဖာပေါ် ခဏထိုင်ရအောင်"
ထို့နောက် 'လင်း'ကို'ဆူး'က ဆိုဖာနားအထိတွဲကူခေါ်ပြီး ထိုင်ခိုင်းလိုက်သည်။
"လင်း အဆင်ပြေရဲ့လားဟင်..ဘာဖြစ်သွားတာလဲ"
"လင်း ဘာမှမဖြစ်ပါဘူး ဆူးရဲ့...ရုတ်တရက်ထလိုက်တာမို့လို့ မိုက်ခနဲဖြစ်သွားတာပါ...စိတ်မပူနဲ့နော်..ဘာမှမဖြစ်ဘူး"
"ဒီလောက်ဖြစ်နေတာကို ဘာမှမဖြစ်ဘူးပဲ ခဏခဏမပြောပါနဲ့...ဒါ လင်းအလုပ်တွေအရမ်းလုပ်နေလို့ဖြစ်တာ...ပြီးတော့ ဒီကြားထဲလဲ လင်းအစားလဲသိပ်မစားဘူးလေ...အားမှမရှိတာ.ဖြစ်ပြီပေါ့...ဘာဖြစ်လို့ အဲ့ဒီလိုလုပ်ရတာလဲ..ဟင်...ပြော...ဘာလို့ ကိုယ့်ကိုယ်ကိုဒုက္ခပေးရတာလဲ"
"လင်းက ဆူးစိတ်ဆိုးနေတဲ့ဟာ..ဘယ်လိုလုပ် ထမင်းစားဝင်မှာလဲ...ဆူးကစိတ်ဆိုးနေတော့ လင်းအရမ်းဝမ်းနည်းတယ်...အလုပ်တွေဖိလုပ်နေတာ အဲ့ဒီဝမ်းနည်းစိတ်တွေပျောက်အောင်လို့ပါ"
သူမကြောင့်ဆိုတာ 'ဆူး'သိပါတယ်လေ။ချစ်သူကို သနားချစ်ခင်စွာကြည့်ပြီး သူမအပြစ်တွေကြောင့် အားနာမိရသည်။
"ရော့...ရှူဆေးရှူလိုက်"
သူမရဲ့စားပွဲပေါ်မှာရှိတဲ့ ရှူဆေးဗူးကိုထယူပြီး 'လင်း'ကိုပေးလိုက်သည်။
YOU ARE READING
ချစ်သူ...သိစေ >>{Zaw+Uni}
Teen FictionZawgyi ~~~~~ ကိုယ်ဟာ သူများတွေလို ချစ်တာကို ချစ်တဲ့အကြောင်း ချစ်စကားတွေ တီတီတာတာမပြောတတ် လွမ်းတာကို လွမ်းတဲ့အကြောင်း အမူအရာတွေ မဖော်ပြတတ်ပေမယ့် ကိုယ့်အသက်ထက်ပိုပြီး ချစ်မြတ်နိုးရတယ်ဆိုတာကို ချစ်တဲ့သူ သိပါစေကြောင်း....။ Unicode ~~~~~ ကိုယ်ဟာ သူများတ...