သူမတို့သည် အသာအယာနမ်းနေရင်းမှရပ်ကာ တစ်ယောက်ကိုတစ်ယောက်မခွဲနိုင်မခွာရက် မျက်ဝန်းလဲ့လဲ့တို့ဖြင့်ကြည့်လိုက်သည်။
"ဆူး..."
"လင်း...."
အချစ်တွေအပြည့်နဲ့ အချင်းချင်းနာမည်ခေါ်လိုက်ပြီးတော့ ဆာလောင်မွတ်သိပ်စွာနဲ့ ထပ်မံပြီးအနမ်းချင်းဖလှယ်လိုက်ကြသည်။သူမတို့ရဲ့နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ရင်နှစ်စုံဟာလဲ ထိကပ်လျက်၊တစ်ရှိုက်မက်မက် အနမ်းကြမ်းကြမ်းတွေဆက်တိုက်ပေးနေကြတာ အသက်ရှူသံတွေတောင်ပြင်းလို့ပေါ့။
"ဟင်း...ဟား....ဟင်း....ဟင်း...."
တိတ်ဆိတ်ငြိမ်သက်နေတဲ့အခန်းလေးဟာ သူမတို့၂ယောက်ရဲ့အသက်ရှူသံတွေနဲ့ ဟိန်းထွက်နေပါတယ်။အဲ့ဒီလိုနမ်းနေရင်းမှ 'လင်း'ကတစ်ဆင့်ထပ်တိုးကာ 'ဆူး'ရဲ့လည်တိုင်ကျော့ကျော့လေးကို နေရာအနှံ့ အနမ်းလေးတွေဆက်တိုက်ပေးလိုက်သည်။'ဆူး'တော့ ရုတ်တရက်မို့ ခန္ဓာကိုယ်လေးအနည်းငယ်တွန့်သွားပြီး တုန်ယင်သွားရှာသည်။
ထို့နောက် 'လင်း'က နောက်တစ်ဆင့်တိုးကာ 'ဆူး'ရဲ့လည်ပင်းလေးကိုနမ်းရှိုက်နေရင်းမှ 'ဆူး'ရဲ့ညဝတ်အင်္ကျီမှ အပေါ်ဆုံးကြယ်သီးတစ်လုံးကိုစတင်ပြီးဖြုတ်လိုက်ပါသည်။ပြီးတော့ နောက်တစ်လုံး၊အဲ့ဒါပြီးတော့ နောက်ထပ်တစ်လုံး။ထိုအခိုက် 'ဆူး'ခမျာ ရင်တွေတုန်လွန်းလို့ မွေ့ရာအိပ်ရာခင်းကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလို့ပေါ့။😇😇
ပြီးနောက် 'ဆူး'ရဲ့အင်္ကျီကြယ်သီးလေးတွေ တစ်ဝက်လောက်ပြုတ်သွားတော့ အောက်ခံဇာဘော်လီလေးကပေါ်လာသည်။အဲ့ဒီတော့ 'လင်း'ရဲ့ရင်ဘတ်ကြီးဟာပေါက်ထွက်တော့မတတ်ဖြစ်လာပြီး ရင်ခုန်သံတွေဟာပိုမြန်လာရတာပေါ့။ပြီးတော့ 'လင်း'က ဇာဘော်လီပေါ်ကနေ 'ဆူး'ရဲ့ရင်အုံလေးကို ဖွဖွလေးအရင်နမ်းလိုက်ပါသည်။
"အ! "
တစ်ခါမှမခံစားဖူးတော့ 'ဆူး'အသံလေးတောင်ထွက်သွားရှာသည်။'လင်း'လဲ ဆက်လှုပ်ရှားကာ 'ဆူး'ရဲ့ကျောပြင်အောက်ထဲ လက်လျှိုကာ ဘော်လီချိတ်တွေကိုဖြုတ်ဖို့ကြိုးစားပါတော့သည်။
YOU ARE READING
ချစ်သူ...သိစေ >>{Zaw+Uni}
Teen FictionZawgyi ~~~~~ ကိုယ်ဟာ သူများတွေလို ချစ်တာကို ချစ်တဲ့အကြောင်း ချစ်စကားတွေ တီတီတာတာမပြောတတ် လွမ်းတာကို လွမ်းတဲ့အကြောင်း အမူအရာတွေ မဖော်ပြတတ်ပေမယ့် ကိုယ့်အသက်ထက်ပိုပြီး ချစ်မြတ်နိုးရတယ်ဆိုတာကို ချစ်တဲ့သူ သိပါစေကြောင်း....။ Unicode ~~~~~ ကိုယ်ဟာ သူများတ...