'ဆူး'နဲ့'လင်း'တို့သည် တောင်ကြီးခရီးစဉ်စရန်အတွက် ခရီးသွားExpressကားကြီးပေါ်ရောက်ရှိနေကြပြီဖြစ်သည်။သူမတို့က ကိုယ်ပိုင်ကားနဲ့သွားလို့ရပေမယ့် တခြားသူတွေလိုခရီးထွက်ချင်တာကြောင့် လွတ်လွတ်လပ်လပ်ထွက်လာခဲ့ခြင်းဖြစ်ပါတယ်။
"လင်း....ဆူး ပြတင်းပေါက်ဘက်မှာထိုင်မယ်နော်...အပြင်က ရှုခင်းလေးတွေကြည့်ပြီးလိုက်ချင်လို့"
ကားပေါ်တက်လာရင်းနဲ့ သူမတို့ထိုင်ရမယ့်၂ယောက်တွဲခုံကိုရောက်တော့ 'ဆူး'ကပြောလိုက်သည်။
"သဘောပါရှင့်"
"ဟီး...ဟီး..."
သူမသဘောအတိုင်းထိုင်ရတော့ ပျော်မြူးပြီးခုန်ဆွခုန်ဆွနဲ့ ဝင်ထိုင်လိုက်သေး။'လင်း'ကတော့ပါလာတဲ့luggage(ခရီးဆောင်အိတ်)၂အိတ်ကိုသယ်ရပြီး၊ကားပေါ်ကအိတ်တွေထားတဲ့အပေါ်စင်ထဲလဲ သူမပဲတင်ရပါတယ်။'ဆူး'က လူပဲလိုက်လာတာလေ။😄😄
('လင်း'ကတော့'ဆူး'ကို 'ရဲရဲ'ကိစ္စမေ့အောင်လို့ဆိုပြီး တောင်ကြီးကိုခရီးထွက်ဖို့လုပ်လိုက်တာ။'ဆူး'ကတော့ ရောက်တောင်မရောက်သေးဘူး၊ကားပေါ်မှာတင်ကို မေ့သွားပါပြီ။😅)
သူမတို့၂ယောက်အတူတူဝင်ထိုင်ပြီးခဏအကြာ သူမတို့ခုံရဲ့ဟိုဘက်ခြမ်းကတစ်ယောက်ထိုင်ခုံမှာ ယောက်ျားလေးတစ်ယောက်ကထိုင်လိုက်ပါသည်။ဘေးမှာယောက်ျားလေးဆိုတော့ 'ဆူး'ဘဝင်မကျတော့ပေ။
"လင်း...နေရာ လဲရအောင်"
"ဟင်...ဘာလို့လဲ ဆူးရဲ့...အဲ့ဘက်မှာ ထိုင်ချင်တယ်ဆိုပြီး"
"ဒီဘက်မှာ မထိုင်ချင်တော့လို့...လင်းထိုင်တဲ့နေရာမှာပဲ ထိုင်တော့မယ်...နေရာလဲပေး"
'ဆူး'ကတော့ 'လင်း'ရဲ့ဘက်မှာယောက်ျားလေးရှိနေတာကိုစိတ်မချဖြစ်နေလေရဲ့။ဒါတောင် သူမတို့ခုံနဲ့ ဟိုဘက်ကတစ်ယောက်ထိုင်,ခုံက လူသွားလမ်းခြားထားပေလို့ပေါ့။😀
YOU ARE READING
ချစ်သူ...သိစေ >>{Zaw+Uni}
Teen FictionZawgyi ~~~~~ ကိုယ်ဟာ သူများတွေလို ချစ်တာကို ချစ်တဲ့အကြောင်း ချစ်စကားတွေ တီတီတာတာမပြောတတ် လွမ်းတာကို လွမ်းတဲ့အကြောင်း အမူအရာတွေ မဖော်ပြတတ်ပေမယ့် ကိုယ့်အသက်ထက်ပိုပြီး ချစ်မြတ်နိုးရတယ်ဆိုတာကို ချစ်တဲ့သူ သိပါစေကြောင်း....။ Unicode ~~~~~ ကိုယ်ဟာ သူများတ...