"လင်း...လက်....ဝေ.....လင်း....လက်....ဝေ....ထ....တော့...ထ..တော့"
ကျောင်းပိတ်ရက်တစ်ရက်မှာ 'ဆူး'က'လင်း'ရဲ့အခန်းထဲဝင်ကာ ခုတင်ဘေးနားမှာပုန်းရင်း သရဲခြောက်နေလေသည်။
"လင်း...လက်...ဝေ....မ...ထ....သေး...ဘူး...လား...ထ...တော့....မ...ထ...ရင်...ဂုတ်...ချိုး...သတ်..မွာ...နော်"
"ဆူး...ဆူးမှန်း သိတယ်နော်...လင်း အေးအေးဆေးဆေးလေးအိပ်ပါရစေ...တောင်းပန်ပါတယ်"
'လင်း'ကနိုးသွားပေမယ့် အရမ်းအိပ်ချင်လွန်းလို့ မျက်လုံးမဖွင့်ဘဲပြောလိုက်သည်။
"ဟင်း...လင်းကိုစရတာလဲ မကောင်းဘူး...ပျင်းစရာကြီး...ကဲ..ထေတာ့...မိုးလင်းနေပြီ"
"လင်း ထပ်အိပ်ပါစေဦး ဆူးရယ်...ကျောင်းပိတ်ရက်လေးပဲ နောက်ကျတဲ့အထိအိပ်လို့ရတာ...နော်...လင်း အိပ်ရေးမဝသေးလို့ပါ...ပြီးတော့ အခုမှအစောကြီးရှိသေးတဲ့ဟာ"
"ဘာ စောရမှာလဲ...မစောတော့ဘူး...နေ,ဖင်ထိုးနေပြီ.သိရဲ့လား...အခု မနက်စာစားချိန်တောင်ရောက်နေပြီ...မနက်စာစားမယ်.ထေတာ့...ဆူး ဗိုက်ဆာနေပြီ"
"ဆူးဗိုက်ဆာရင် သွားစားလိုက်တော့လေ...လင်းကထပ်အိပ်ပြီး နိုးလာမှစားတော့မယ်...နော်...ကဲ.ကဲ..မနက်စာနောက်ကျနေမယ်..သွားစားတော့"
"ထပ်မအိပ်ရပါဘူး..အခု ထေတာ့"
"မထချင်သေးလို့ပါ"
"မရဘူး....ထ..တော့..လို့..."
'ဆူး'က အခုထိထမလာသေးတဲ့'လင်း'ရဲ့နှာခေါင်းလေးကို လက်မနဲ့လက်ညှိုးကြားညှပ်ကာ ညှစ်ပစ်လိုက်သည်။
"အ...အား...ဆူး...လင်း အသက်ရှူလို့မရတော့ဘူး"
"အဲ့လိုဖြစ်အောင် တမင်လုပ်တာလေ...ဒါမွ ထမွာမဟုတ္လား...ထေတာ့ဆို"
"ထပါပြီ.ထပါပြီ..နော်..."
နောက်ဆုံးတော့ 'လင်း'အလျှော့ပေးကာ ထလိုက်ရပါသည်။
"အဲ့လိုမွေပါ့...လိမ္မာတယ် ကေလးက...တကယ်တော့ လင်းကို ဆူးပူဆာစရာရှိလို့...ဆူး ကိုရီးယားပင်လယ်စာခေါက်ဆွဲစားချင်နေတာ...အဲ့ဒါ လုပ်ပေးပါလားဟင်"
"ဟင်...အဲ့ဒါမ်ား ကြီးဘုတ်ရှိတယ်လေ...ကြီးဘုတ်ကို လုပ်ခိုင်းလိုက်လေ ဆူးရဲ့"
YOU ARE READING
ချစ်သူ...သိစေ >>{Zaw+Uni}
Teen FictionZawgyi ~~~~~ ကိုယ်ဟာ သူများတွေလို ချစ်တာကို ချစ်တဲ့အကြောင်း ချစ်စကားတွေ တီတီတာတာမပြောတတ် လွမ်းတာကို လွမ်းတဲ့အကြောင်း အမူအရာတွေ မဖော်ပြတတ်ပေမယ့် ကိုယ့်အသက်ထက်ပိုပြီး ချစ်မြတ်နိုးရတယ်ဆိုတာကို ချစ်တဲ့သူ သိပါစေကြောင်း....။ Unicode ~~~~~ ကိုယ်ဟာ သူများတ...