Part 37 {Unicode}

1.8K 142 6
                                    

ရုံးခန်းထဲ'ဆူး'အလုပ်လုပ်နေစဉ် 'အိဖြူ'ရောက်လာတော့ ဧည့်မခံနိုင်ဘဲခဏထိုင်ခိုင်းထားရသည်။ခဏ‌နေတော့ သူမရဲ့အလုပ်တွေကိုမြန်မြန်လက်စသတ်ပြီး ထလာခဲ့သည်။

"Sorryပါ အိဖြူရယ်...ဧည့်သည်ကိုပစ်ထားသလိုဖြစ်သွားတယ်"

"ရပါတယ် မမရဲ့...အိဖြူကို ဧည့်သည်လို့မမှတ်ပါနဲ့...အိဖြူကသာ တောင်းပန်ရမှာ..မမကို လာရှုပ်နေမိတယ်"

"မမက ရပါတယ်..အိဖြူလာလို့ ပျော်တောင်ပျော်သေးတယ်...အိဖြူက ဒီကိုဘာရှိလို့လဲ...သပ်သပ်အလည်ပဲလား..အလုပ်အတွက်လား"

"အိဖြူ ဆိုင်ခန်းပြင်ဆင်နေတာခဏကြည့်ရင်း မမကိုသတိရလို့ဝင်လာတာ...အလည်လာတာပေါ့...ဒါနဲ့ မလင်းလက်ကောမတွေ့ဘူးနော်"

"အင်း.ဟုတ်တယ်...လင်းက ပစ္စည်းအသစ်တွေရောက်လို့ ဂိုထောင်ကိုပစ္စည်းစစ်ဖို့သွားတယ်"

"အော်...မမတို့၂ယောက်က အရမ်းလိုက်တာပဲ.သိလား...မမက သူနဲ့လိုက်သွားတာတော့မဟုတ်ဘူး...ဟိုမှာ တခြားသူတွေနဲ့ပျော်နေရင် ဘယ်လိုလုပ်မလဲ"

"မမက ကိုယ့်အလုပ်တွေရှိသေးတယ်လေ...ပြီးတော့ လင်းမှာမမရှိပြီးသားပဲ..တခြားသူတွေနဲ့ ပျော်မှာမဟုတ်ဘူး...မမက အရမ်းစိတ်ဆိုးတတ်တာမို့လို့ လင်းက တခြားသူတွေနဲ့ဆို မိနစ်ပိုင်းထက်ပိုစကားမပြောဘူးရယ်"

"ပြောလို့ရမလား မမရဲ့...အဲ့ဒါက မမရှေ့မှာမို့လို့ဖြစ်နိုင်တာပဲ..အရမ်းစိတ်ချမထားနဲ့လေ...ကွယ်ရာမှာ ကဲနေတာလဲဖြစ်ချင်ဖြစ်မှာ...လူတွေဆိုတာ လုံးဝယုံလို့မရဘူး...ကိုယ့်ဒူးကိုယ်တောင် ယုံလို့မရတာ.သူစိမ်းဆို ပြောမနေနဲ့ပေါ့"

'အိဖြူ'က လုံးဝသေချာကြီးပြောနေတော့ 'ဆူး'မှာသံသယလေးဝင်လာကာ ငြိမ်ကျသွားရှာသည်။

"အိဖြူက ကိုယ်တွေ့တွေမို့လို့ပြောပြတာနော်...အိဖြူက ဘာလို့ဘုန်းကိုကိုအဖြေပြန်မပေးသေးတာလဲဆိုတာ အကြောင်းရင်းရှိတယ် မမရဲ့...အိဖြူလဲ မမလိုပဲ သူ့ကိုအရမ်းယုံကြည်ထားခဲ့တာ...ဒါပေမယ့် ဒင်းကယုံကြည်မှုကို အလွဲသုံးစားလုပ်တယ်လေ...တစ်နေ့ပေါ့.အိဖြူက သူဖုန်းသုံးနေတုန်း ယူကြည့်ချင်စိတ်ပေါက်လာတာနဲ့ ယူကြည့်လိုက်တာ...အစကတော့ အကြောက်အကန်ကို မပေးဘူးဆိုပြီးလုပ်နေတာ...သူအဲ့လိုလုပ်တော့ အိဖြူကပိုတောင်ကြည့်ချင်သွားပြီး လုပါယူလိုက်တယ်လေ...အဲ့ဒီအချိန်မှာ ဘာတွေ့တယ်အောက်မေ့လဲ မမရယ်"

ခ်စ္သူ...သိေစ >>{Zaw+Uni}Where stories live. Discover now