Part 53

1.3K 67 3
                                    

Unicode

သူစိတ်တွေအရမ်းလန်းဆန်းတက်ကြွနေမိတယ် ပျော်နေတယ်လို့လဲ ပြောရမှာပေါ့

ကျနော်ကိုယ့်စိတ်ကိုနှစ်ပတ်နီးကပါးစောင့်ကြည့်မိတာ အဖြေကတစ်ခုတည်းပဲထွက်တယ် ချင်းချင်ကိုကျေးဇူးတင်ရမှာပါ ခုတော့ဘယ်သူ့မှအသိစေပဲ သူတစ်ယောက်တည်းထွက်လာခဲ့တယ်

ကိုယ်လာပြီ ကလေးလေး..
လေယာဉ်ပေါ်ကနေဆင်းပြီးချစ်တဲ့သူရှိရာမှန်းဆကာ တွေးပြီးပြုံးမိတယ် ငါအရမ်းတစ်ကိုယ်ကောင်းဆန်သွားလား လ်ုအပ်တယ်ဆိုတော့မှအပြေးလာခဲ့မိတာ ကလေးကသူ့ကိုပြန်လက်ခံပါ့မလား ရက်ရက်စက်စက်ပြစ်သွားတဲ့ လူတစ်ယောက်ကိုလေ

သူတစ်ခါတည်း ချင်းချင်ပေးထားတဲ့သော့လေးနဲ့ သူ့ရဲ့အခန်းဆီဦးတည်လာခဲ့တယ်
လေကားပေါ်အတက်ရင်တွေအရမ်းခုန်နေခဲ့တယ် ကလေးဒီအခန်းမှာ နေပါဦးမလား

သူ့ကိုတွေ့ရင်ဘယ်လိုဖြစ်မလဲ လွမ်းတယ်ဆိုပြီးလာချွဲမလား သူရင်တွေအရမ်းခုန်နေပြီ

တံခါးလေးကိုသော့ဖွင့်တော့ မှောင်နေတဲ့အခန်းကဆီးကြိုတယ် လူမနေတဲ့ပုံစံနဲ့သန့်ရှင်းသပ်ရပ်နေတယ် အဝတ်အစားအသုံးအဆောင်တွေကတော့ရှိမနေ ထမင်းစားခန်းထဲရောက်တော့ခုံလေးတွေကို ထိပွတ်ကြည့်တယ် ဖုန်တွေရှိမနေ။

ဒါဆို ..ကလေးနေနေတာလား လက်က laguage ကိုပြစ်ချကာအခန်းထဲပြေးဝင်လိုက်တယ် အိပ်ရာခင်းတွေကဒီအတိုင်း အရင်သူနဲ့ကလေးနေခဲ့တဲ့အိပ်ရာခင်းပုံစံ‌ေတာ့မဟုတ် ပန်းရောင်သမ်းနေတဲ့ အခန်းပုံစံလေး အဝတ်စားထည့်တဲ့ ဗီဒိုကိုဆွဲဖွင့်တော့ သူ့အကျီအဝတ်စားတချို့ ။

ဒါဆို သူမနေဘူးပေါ့ ရင်ထဲ ဝမ်းနည်းမှုကလှိုက်တက်လာတယ် အိပ်ရာပေါ်ပြစ်လှဲချမိတယ် ကလေးရယ် မင်းခုဘာတွေလုပ်နေမလဲ

သူအိမ်ထဲကထွက်လာခဲ့လိုက်တယ် သူ့ခြေလှမ်းက ဝမ် gp ဆီသို့

China ကိုခုမှရောက်တော့ ကားကမရှိ အရင်လဲရှိတာမှမဟုတ်တာ taxi ငှားစီးပြီး လာခဲ့လိုက်တယ် အထဲတော့မဝင်ဖြစ် ညနေအလုပ်ဆင်းချိန်ထိ နှစ်နာရီထိုင်စောင့်လိုက်ရတယ် အရင်သူဒီမှာလုပ်ခဲ့တုန်းcompany ဘေးက coffee ဆိုင်လေးမှာပေါ့

Love Hurts [COMPLETED]Where stories live. Discover now