Part 24

1.1K 64 0
                                    

Unicode

ခုဆို ရိပေါ်ကသူနဲ့အတူလာနေသည်။သူငှားထားတဲ့အခန်းကိုပြန်အပ်လိုက်တယ်၊ သူသီချင်းသွားဆိုမယ်တော့ ဒီနေ့ကလေးက လိုက်မယ်တဲ့ အရင်လဲတခါတလေလိုက်နေကျပေမယ့် Mask အုပ်ပြီးလိုက်ရတာမျိုး ရီတော့ရီရတယ် အဆိုတော်က သူ့ချစ်သူ bar မှာဆိုတာကိုလိုက်ပေးရသတဲ့

သူဆိုနေကျသီချင်းလေးဆိုတော့ ရိပေါ်ကအောက်ကနေ beer သောက်ရင်း ပြုံးပြီးကြည့်နေလေရဲ့

"ငါမှားတာရှိရင်တောင်းပန်ပါတယ်
အရင်လို‌မင်းရဲ့အနားမှာပဲ
သံမှိုစွဲကပ်ထားသလို
အချစ်တို့ရှိတယ် မင်းရဲ့စကားသံကြားနေပေမယ့် 

ဒီသီချင်းကိုဘာလို့အမြဲဆိုကာ အာ့လောက်ကြိုက်ရတာလဲ မေးရင် ဒီတိုင်း ပြောချင်တဲ့လူကိုအမြဲသတိတရပြောနေသလိုဖြစ်အောင်တဲ့  ကျဲအတွက်လား ဘာလို့လဲ သူထွက်လာခဲ့ပြီး toilet ဝင်သွားလိုက်တော့တယ်

ရှောင်းကျန့်သီချင်းဆိုပြီး အောက်ကိုကြည့်တော့ ကလေးမရှိတော့ဘူး နားနေခန်းရောက်တော့မှ ကလေးကသူ့ကိုစောင့်နေလေရဲ့

"ကိုကို ပြီးပြီလား ဒီနေ့ ညဈေးတန်းသွားရအောင် နော်"
"အင်း ကလေး"

ညဈေးတန်းရောက်တော့ မုန့်လျှောက်စားရင်း ဂိမ်းတွေလဲဆော့ကြတယ် ခလေးက သူလိုချင်တဲ့ ယုန်ရုပ်လေးကို ကောက်ပေးတယ် ပွဲဈေးထဲ လက်ကလေးဆွဲပြီးလျှောက်ရတဲ့ပျော်ရွင်မှုက ဘာနဲ့မှမလဲနိုင်။

ရိပေါ်လဲ ကိုကိုပျော်နေတာမြင်ပြီး သူပါပျော်မိတယ် ဈေးကပြန်လာပြီး လမ်းမှာတံတားတစ်ခုပေါ်ကားရပ်ပြီး ဆင်းကာ ဘောင်ပေါ်သူထိုင်လိုက်တော့ က်ုကိုလဲတူတူထိုင်ပြီး သူကိုကို့ပုခုံးပေါ် ခေါင်းလေးမှီတင်လိုက်တယ်

"ကလေး ကိုကိုကြည့်နေတာ ကလေးသိပ်မပျော်သလိုပဲ ဘာဖြစ်နေတာလဲ ကိုကို့ကိုပြောလို့ရရင်ပြောပြလေ "
သူနဲ့ကလေးချစ်တာ တစ်နှစ်ပြည့်တော့မယ် ဒါမဲ့ ကလေးအကြောင်းသူဘာမှမသိဘူး ကလေးလဲသူ့အကြောင်းမမေးခဲ့ဘူး လူနှစ်ယောက်ချစ်နေဖို့ပဲကို ကျန်တာတွေကဘာလိုအပ်ဦးမှာလဲ
"ဘာမှမဖြစ်ပါဘူး ကိုကိုရဲ့ အလုပ်နည်ူနည်းပင်ပန်းလို့ပါ "
"အာ အဲဒါကိုကို့ကို မပြောပဲ ကိုကိုကညဈေးသွားချင်တယ် ပူဆာပြီး ဒုက္ခပေးမိပြန်ပြီ"
"ဘာဒုက္ခလဲ အာ့လိုမပြောနဲ့ ဒီတိုင်းကျနော် နည်းနည်း ညစ်နေရုံလေးကို ဘယ်တော့မှအာ့လိုအပြစ်မတင်နဲ့ "

Love Hurts [COMPLETED]Where stories live. Discover now