Unicode
"ဟျောင့် ယွီပင်း မင်း မသောက်ဘူလာ ငါ့ကိုကျသောက်မယ် ဆို မင်းခေါ်တာ လေ အေ့ "
"ဟာ ဒီကောင် yibo မူးနေရင်လဲ အသံတိတ် ဒါမင်းအဖေဆိုင်မဟုတ်ဘူး လူတွေကြည့်နေပြီ ခဏနေ မင်းအဘိုးလာပြီးပွမ်နေဦးမယ် "
ယွီပင်းခမျာ ခေါ်တုန်းကခေါ်လာရတာ သောက်တဲ့လူက ဒင်းဖြစ်နေတယ် ခေါ်လာမိတာအမှား ...မူးတာနဲ့ ရစ်ပြီ ပြီးရင်နားညီးအောင် ပြောတော့မယ်
ပြောမဲ့သာပြောရတာ ဒီ bar ကိုသူတို့လာရင်မကြိုက်တာက ဆိုင်ပိုင်ရှင်ကျန်းချန် စိတ်ထားကောင်းမလိုလိုနဲ့အပေါက်ဆိုးတယ် ဒါကိုသိရက်နဲ့ဒင်းကလဲ ဒီကိုဘဲ လာချင်တယ် အနုပညာတွေမလုပ်တော့ပေမယ့် လာပြီးကမ်းလှမ်းတာတွေများပြီး အားနာနာနဲ့ငြင်းနေရတာလဲ တော်တော်အားနာနေရပြီ
ခုဆို သူလဲ company မှာ လက်ထောက်ဖြစ်နေရုံမက wang အိမ်တော်အရေးမှန်သမျှ သူဒိုင်ခံရှင်း ဒီကြားထဲ Bodyguard လိုလို ဘာလိုလို ဒီလိုနဲ့ဘဲမရတော့ဘူး အဲ မှားလို့ ချစ်သူမရတော့ဘူး
ဟူးး ကိုယ့်အတွေးနဲ့ကိုယ် ရီလိုက်မိမှ ဘေးကိုကြည့်တော့ ဟမ် ဒင်းက အိပ်တောင်ပျော်နေပြီ"ကိုယ်တော်ချော အိပ်တောင်နေပြီလား အိပ်နော် အိပ် "
ခုံပေါ်မှာ ခေါင်းကြီးမှောက်ပြီးအိပ်ပျော်နေတဲ့ ရိပေါ်ကိုကြည့်ပြီး ရိပေါ်သောက်လက်စ ခွက်ကိုယူသောက်လိုက်တယ်
"အိုင်းယား ...ဆိုးလိုက်တာ ခဏပဲသောက်ရသေးတယ်မူးချင်လာပြီ ဘယ်နှယ့် ဒီလောက်ပြင်းတာကိုသောက်ရပါလိမ့် ဒီကောင် "
အမလေးလည်ချောင်းကနေ ဗိုက်ထဲပူပြီးဆင်းသွားတာ ကြက်သီးတွေပါထချင်ချင် သူအရက်တွေသောက်ပါတယ် ဒီလောက်ပြင်းတာမတွေ့ဖူးသေးဘူး
အရင်ကရိပေါ်ပြောတာသတိရသွားမိတယ်✴ငါမူးအောင်သောက်မယ် သူ့ကိုမေ့အောင်သောက်မယ် ဒါကိုသောက်မှ တခါတည်းမူးပြီးမေ့သွားရော ဘာမှမသိတော့ဘူး ✳
အော် ဒါကြောင့်ပြောတာကိုး ပြင်းတာသောက်ပြီးတခါတည်းဘာမှမသိပဲ အိပ်ရော
တွေးနေရင်းလူကမူးချင်ချင် အဲချိန်
YOU ARE READING
Love Hurts [COMPLETED]
Fanfictionချစ်ပေမယ့်လည်း နာကျင်ရတဲ့ အတိတ်ကအရာတွေကြောင့် ခဗျားကိုမုန်းတယ်💔