Part 42

1.4K 84 3
                                    

"ကော ကျနော့်ကိုရှင်းပြပါ ဘာတွေပြောနေတာလဲ  ကျနော်နားမလည်တော့ဘူး ဟင် .. ဒီသော့က ....."

"ပြောပါဦး အဲသော့ကဘာလဲ ကျန်းချန်ကငါ့ကိုအပြည့်စုံမပြောပေမယ့် ငါသိတယ် ငါမေးတုန်းက မင်း ဘာမှမဟုတ်ပါဘူးငြင်းခဲ့တယ်"

"ဘာကိုလဲကော "

" bobo ...ရှောင်းကျန့်နဲ့ကချစ်သူတွေဆို ဒါဆိုယွီအာကရော ယွီအာကိုတကယ်ကြိုက်ပြီး ရှောင်းကျန့်ကိုကျဘလိုင်းကြီးဖြတ်ချထားခဲ့တာလား ဟင်"

"ဟာ မေးခွန်းတွေကလဲများလိုက်တာကောရာ ပြီးတော့ သူတို့လျှောက်ပြောနေသလို ဘာမှမဟုတ်ပါဘူး "

"မလိမ်နဲ့ ခုရှောင်းကျန့်ဘယ်မှာလဲဆိုတာ သူမသိဘူးတဲ့ ဒီသော့တောင်သူ့ဆီစာအိတ်နဲ့
ရောက်လာတာတဲ့ "

သူဆွိ့အနေခဲ့တယ် ဒီသော့က ကောအခန်းရဲ့သော့လေ သူ့ဆီမှာတောင် ဆင်တူအရုပ်လေးနဲ့ သော့တစ်ချောင်းရှိသေးတယ်  စာအိတ်အားဖွင့်ကြည့်တော့ .....

**ဝမ်ရိပေါ် ဒီ‌သော့လေးက မင်းတို့အတွက် ငါ့ရဲ့မင်္ဂလာလက်ဖွဲ့ ပါ ငါမင်္ဂလာပွဲကိုမတက်ရောက်နိုင်တော့လို့ တောင်းပန်ပါတယ်**

"စာထဲ ဘာရေးထားလဲ ပြ ..ဟင် ငါထင်နေတာ တကယ်မလွဲဘူးပဲ မင်းပြော မင်းဘာတွေလုပ်ထားတာလဲ သူဒီလောက်ထိပျောက်ကွယ်သွားရလောက်အောင်"

"ကော ကျနော် နောက်မှရှင်းပြမယ် "
"နေဦးလေ  bobo bobo"

ကောခေါ်တာကို သူလှည့်မကြည့်အားတော့ သူ့အခန်းထဲရောက်တော့ ရှောင်းကျန့်ဖုန်းအား ခေါ်လိုက်တယ် စက်ပိတ်ထားပါသည်တဲ့ သွားပြီ သူ့ရင်ဘတ်တွေနာကျင်နေပြီ သူ့ကိုယ်သူဘာဖြစ်မှန်းမသိ၊မျက်ရည်တွေကျလာခဲ့တယ် အိပ်ရာဘေးမှာခြေပစ်လက်ပစ်ထိုင်ချလိုက်တော့သည်။

"ဘာလို့အရူးလို ငါ့ကိုအိမ်တွေထိပေးရတာလဲ ရှောင်းကျန့် ဟင် သိပ်ပေါနေလား ဘယ်တွေထွက်သွားတာလဲ ဒါမင်းလုပ်နေကျအရာတွေမလား ခဗျားကိုသနားလာအောင်လုပ်ပြမနေနဲ့ ဟန်ဆောင်မနေနဲ့ ဟင့်အင့် ငါနာကျင်နေရပြီ "

မျက်ရည်တွေကတာကျိုးသလိုတားမရဆီးမရ၊ ရင်ဘတ်ထဲဆစ်ကနဲ့ ဆုံးရှုံးရပြီလားဆိုတဲ့အသိစိတ်က ပြောလိုက်ငိုလိုက်နဲ့ ရင်ဘတ်တွေပုတ်လိုက်နဲ့ သူ့ကိုယ်သူခုမှပိုသေချာသွားတာ

Love Hurts [COMPLETED]Where stories live. Discover now