☑️🙏😔(တကယ်ပါ မနေ့ညကဒါကိုရေးပြီး ည ၂ နာရီ ထိုးသွားပါတယ် )
✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓
"ကျန်းချန် ဒါကဘယ်လိုအခြေနေလဲ"
"မဟုတ်ဘူး ခဏစိတ်ကိုလျော့ထား မင်းသတိထားဦး "
"မဟုတ်တာ သူကဘာလို့ခုလိုစေ့စပ်မဲ့နေရာရောက်နေရတာလဲ ဒါငါ့ကိုလိမ်နေတာမလား ဟင် ငါ့ကို Surprise တိုက်မယ်ဆိုတာ ဒါလား "
"နောက်မှရှင်းရအောင် ခုငါတို့စလိုက်ရအောင် "
သူ့ကလေးကသူ့ဘက်ကို တစ်ချက်မှလှည့်ကြည့်မလာခဲ့၊ ဘာလို့လဲ ဒါသူ့ကိုစမ်းနေတာမလား ကလေးကငါ့အပေါ်အာ့လိုမလုပ်ရက်ပါဘူး လုပ်လဲမလုပ်ဘူးငါသိတယ် သူ့ရင်ထဲမှာဒီအခိုက်တန့်လေးက ကမ္ဘာတွေပျက်နေခဲ့တယ် သူ့ရင်ထဲအရာရာဆွံ့အသွားခဲ့တယ် ခုတစ်နေရာရာတစ်ချောင်ချောင်မှာ ဘာမှမစဉ်းစားပဲခဏလောက် အိပ်နေရရင်ကောင်းမယ် ဒါမဲ့ သူ့ကလေးအရှက်ကွဲလို့မဖြစ်ဘူး ငါ့ကိုယ်ငါထိန်းရမယ် ကလေးကငယ်သေးတယ် ငါ့ကြောင့် အောင်မြင်မှုတွေမပျက်စီးစေချင်ဘူး
သူတို့သီချင်းဆိုနေတဲ့အချိန် ရိပေါ်တို့က ဧည့်သည်တွေနဲ့စကားပြောလိုက် ကောရှီးချန်နဲ့ ပြောလိုက်ရီလိုက် နာမည်ကြီးမင်းသားမင်းသမီးတွေနဲ့ဓါတ်ပုံရိုက်ကြ စကြနောက်ကြ သီချင်းစဆိုတော့ အကုန်လုံးကညိမ့်ညိမ့်လေးနဲ့
🎶I found a love for me
Darling just dive right in an follow my lead
well , i found a girl beautiful and sweet
Oh i never knew you were
The someone waiting for me🎶ဒီသီချင်းက ကိုကိုနဲ့ကလေးအတွက် 😔ကလေးကသူ့ကိုတစ်ချက်တောင်လှည့်ကြည့်မလာခဲ့ ကိုကိုကတော့ မင်းမျက်နှာလေးကိုငေးပြီး သီချင်းကိုခံစားချက်အပြည့်ဆိုနေလေရဲ့ ကလေးကတော့ ချစ်တဲ့မိန်းကလေးမျက်နှာကြည့်ပြီး မိုးမမြင်လေမမြင်နဲ့ပေါ့ သူတို့ေနာက်မှာ ယွီပင်းကခေါင်းလေးငုံ့ပြီး သူ့ကိုမော့ကြည့်မလာခဲ့
သူသီချင်းဆိုရင်း ကလေးနဲ့စတွေ့ခဲ့တဲ့ အချိန်တွေဆီတမ်းတလွမ်းမောရင်း ကလေးမှာခုလိုလုပ်ရတဲ့အကြောင်းရင်းတခုတော့ရှိမှာပါ ကလေးစေ့စပ်ပေမယ့်လဲ ကိုကိုစောင့်နေပါမယ်နော် ကိုကိုယ့်ကို ကလေးမရက်စက်တတ်ပါဘူး ကိုကိုသိတာပေါ့
YOU ARE READING
Love Hurts [COMPLETED]
Fanfictionချစ်ပေမယ့်လည်း နာကျင်ရတဲ့ အတိတ်ကအရာတွေကြောင့် ခဗျားကိုမုန်းတယ်💔