Unicode
သူနဲ့ယွီပင်းဆိုင်ရောက်ပြီးခဏကြာမှ သူ့ ဝန်ထမ်းတွေရောက်လာကြတယ်
" ကျနော့ကိုအားမနာပါနဲ့ လွတ်လွတ်လွပ်လွပ်နေကြပါ စားကြသောက်ကြပါနော် ပြီးတော့ မွေးနေ့လုပ်ပေးကြလို့ အားလုံးကျေးဇူးပါ "
သူပြောအပြီး ဟေးကနဲ့ထအော်သံက ပျော်စရာကြီးပါ ကျဲမိန်မိန်ကတော့မပါပေမယ့် ကောရှိးချန်ရယ် ယွီပင်းရယ် သူရယ်ကတစ်ဝိုင်း ၊
အဲချိန် အဖွဲ့ထဲက ကောင်မလေးတစ်ယောက်က မူးမူးနဲ့ထမေးပါလေရော
"ရိပေါ်က ဒို့ထက်တစ်နှစ်ငယ်ပေမယ့် ဒို့မေးမယ်နော် .."
"ဟုတ် မေးပါ " သူ့မှာဘာမေးမလဲ ကြောင်အအ
"ချစ်သူရှိလား "
အဲချိန်အကုန်လုံးကအော်ကြပါလေရော"နင်တော့ ရေခဲတုံးဖြစ်တော့မယ် မူးနေပြီ မမေးနဲ့တော့"
"နောက်နေ့ပြုတ်စော်နံတော့မယ်ဟေ့ "
"ဟေး အကုန်တိတ် ဒါကအလုပ်ခွင်မဟုတ်ဘူး personal အချိန် ကြိုက်တာမေးလို့ရတယ် ပြောလို့ရတယ် ဟီး လောင်ရှီး စိတ်မဆိုးဘူးမလား "
" အော် ...အမ် ဟုတ်တယ်
ချစ်သူ ရှိပါတယ်""ဟာ သွားပါပြီ "
"ဘယ်သူလဲ "
"ဟိုမင်းသမီးများလား"
တကယ်တမ်းသူက ကုမ္မဏီမှာလဲ အနေတည်တော့ ခုလိုမျိုးပြောဖို့ဆိုတာ အဝေး သူနဲ့စကားတောင်မဟရဲကြဘူး ဒီတစ်ယောက်ကတော့ မူးမူးနဲ့ ထရစ်ပြီ
"ကျနော့ဘက်ကပဲချစ်ရတာပါ "
"ဟေ"
အကုန်လုံးကတအံ့တဩ
"ကြီးတဲ့လူကြိုက်လား ငယ်တဲ့လူလား ပိန်တာကြိုက်လား ပုလား ရှည်လား"
တကယ့်ငရစ် ဘာတွေမှန်းလဲမသိ
"ကြီးတာကြိုက်ပါတယ်"
"...."
" သူကပိန်ပြီး အရပ်ရှည်တဲ့လူကြိုက်ပါတယ် စိတ်သဘောထားနူးညံ့တဲ့သူမျိုးပေါ့"
အကုန်လုံးဟေးကနဲ့ထအော်ကြပြီး ကောရှိးချန်ဝင်တားတော့မှ ငြိမ်သွားကြတယ် ဒါတောင်စားပြီးသောက်ပြီး ကာရာအိုကေ သွားဆိုကြသေးတယ်
YOU ARE READING
Love Hurts [COMPLETED]
Fanfictionချစ်ပေမယ့်လည်း နာကျင်ရတဲ့ အတိတ်ကအရာတွေကြောင့် ခဗျားကိုမုန်းတယ်💔