Unicode
မနက်လင်းတော့ အရင်ဆုံးတွေးမိတာ ကလေးအကြောင်း ဒီကောင်လေးဟိုနေ့ကကိစ္စကို ဘာမှလဲ လှုပ်ရှားတာမတွေ့ရ ဒါမှမဟုတ် မူးနေလို့ သတိမရတော့တာလား
ဒါမှမဟုတ် သူနဲ့ပက်သက်ပြီး ဘာမှမခံစားရတာလား ဘာမှမသိချင်တော့တာလား သူနဲ့အတူနေတဲ့အချိန်တွေရယ် မှားခဲ့တာတွေရယ်ကို တမင်မေ့လိုက်တာလား သူ့မှာတော့ အဲနေ့က ဒီကောင်လေးမူးနေပေမယ့် အချိန်တိုင်းကနတ်ပြည်ရောက်နေတဲ့အလား
ပြီးတော့ နောက်ရက်ညဘက် အိမ်ထဲကောင်မလေးဝင်လာတာကရော ကလေးနဲ့အဲကောင်မလေးသာ အတူနေချစ်သူဆိုရင် သူနောက်ပြန်ဆုတ်ပေးရမှာလား ဟင့်အင်း မဆုတ်ပေးနိုင်ဘူး မဖြစ်ရဘူး ဘာမှမဖြစ်ရဘူး
စိတ်ညစ်စွာနဲ့ ရေချိုးခန်းထဲ ဝင်လိုက်တော့မှ စိတ်တွေလန်းဆန်းသွားတော့တယ်
ရေချိူးခန်းထဲ က ထွက်လာတော့မှ ဖုန်း ringtone သံကြားပြီး ဖွင့်ကြည့်တော့ အားမုံ
ဖုန်းဆက်မလို့လုပ်နေတုန်းပြန်ဝင်လာတော့ ကိုင်လိုက်မိတယ်
အော် သူမေ့နေတာပဲ ဒီနေ့ အားမုံနဲ့တွေ့ရမယ်
ဒါမဲ့ညနေမှပါ"ကို "
"ဟယ်လို အော် ဟုတ် အားမုံ ပြောလေ"
"ကိုကလဲ စိမ်းလိုက်တာ အင်းပေါ့လေ အိပ်ရာထပြီလား အားမုံကတော့မထသေးဘူး ညနေအတွက်ရင်ခုန်နေတာ "
"အော် ဟုတ် အင် ထပါပြီ ထ ပြီ"
ပါးနှစ်ဖက်ကိုပိတ်ရိုက်ချင်တော့တယ် ဘာကြောင့်စကားထစ်နေရတာတုန်း
"Morning နော် အားမုံကတော့ထပ်အိပ်လိုက်ဦးမယ် မွ"
"ဟင် အ အင် morning morning 🌄"
မဖြစ်သေးပါဘူး သူတစ်ခုခုလုပ်ရတော့မယ်
တစ်ကိုယ်လုဲးမမြင်ရအောင် နှာခေါင်းစီး ဦးထုပ်အပြည့်စုံဝတ်ပြီး အခန်းထဲကထွက်ကာ ဈေးသွားဖို့ရန်ထွက်လာခဲ့လိုက်တော့တယ်
....
မွေးနေ့မရောက်ခင်ရက်တွေကတည်းကနေ အခန်းငယ်လေးကိုမသွားပဲ ရိပေါ် ဝမ်အိမ်တော်မှာပဲနေဖြစ်တယ် ကောလဲ အထီးကျန်မှာပဲလေ အတူနေတဲ့ ယွီပင်းကလဲ အင်မတန်မှစကားနည်းတဲ့ သူဆိုတော့ နှစ်ယောက်အတူနေလို့ ၁၀ လုံးပြည့်အောင်ပြောမဲ့သူတွေမဟုတ်။
YOU ARE READING
Love Hurts [COMPLETED]
Fanfictionချစ်ပေမယ့်လည်း နာကျင်ရတဲ့ အတိတ်ကအရာတွေကြောင့် ခဗျားကိုမုန်းတယ်💔