Part 44

1.3K 77 1
                                    

Unicode

သူ နိုးလာတော့

"အာ ကျစ် ကျစ် ခေါင်းတွေကိုက်လိုက်တာ "

အာ မနေ့ကငါအတော်လေးသောက်လိုက်တာလား ကုတင်ပေါ်ရောက်နေပြီ နာရီကိုကြည့်တော့ ဟင် 11 တောင်ရှိပြီ ၊ဘယ်လောက်တောင်မူးသွားလဲမသိ၊ဘေးကိုလည့်ပတ်ကြည့်တော့ ဘယ်သူ့မှမတွေ့ ကျန်းချန်ပြန်သွားပြီထင်တယ် သူဝတ်မဲ့ဝတ်စုံတောင်ထားပေးခဲ့တာပဲ ဒီအခန်းကကျန်းချန်ရဲ့ရုံးခန်းဆိုလဲဟုတ် အထဲမှာလဲ အိပ်စရာကုတင်အပြည့်စုံနဲ့ အိမ်လိုပါပဲ သူအမြဲမူးနေတိုင်းအိမ်မပြန်ဖြစ်ပဲ ဒီအခန်းမှာအိပ်‌နေကျ သူ့အခန်းဆိုလဲ ဟုတ်နေတာပဲ

ကျန်းချန်ကိုဖုန်းဆက်ရမယ် သူပြန်တော့မည်ဖြစ်တဲ့အကြောင်း အရင်ဖုန်းနံပါတ်မကိုင်တော့ပေမယ့် contacts ထဲမှာကျန်းချန်နဲ့ ပါးမား ဖုန်းနံပါတ်တွေပဲရှိတယ် ဒါမဲ့ အမြဲစိတ်ထဲမှတ်မိနေတဲ့ နံပါတ်တစ်ခုကမှတ်ဉာဏ်ထဲကထုတ်မရ

ဒီချိန် အလိုချင်ဆုံးဆုတစ်ခုပြောပါဆို အတိတ်မေ့တာပဲဖြစ်ဖြစ် အရင်မှတ်ဉာဏ်တွေကိုဘယ်လိုမှမမှတ်မိအောင်ဖျောက်ပစ်တာပဲဖြစ်ဖြစ် ဆုတစ်ဆုလိုချင်တယ်

ကလေးရယ် ...ဒူးနှစ်ဖက်ပေါ်မျက်နှာအပ်ပြီး ငိုမိပြန်ပြီ မင်းကငါ့နောက်ကွယ်မှာ အမြဲလှောင်ရီနေခဲ့မှာပဲနော် ငါကမိဘမဲ့မွေးစားသား မင်းရှေ့မှာအရူးတစ်ယောက်လိုဖြစ်နေခဲ့မှာ ငါ့ဘဝရဲ့ အထီးကျန်ခြင်းနေ့ရက်တွေကို မင်းကတစ်ခဏတာ ပျော်စရာတွေပေးခဲ့တယ် မင်းနဲ့အတူရှိနေခဲ့တဲ့ နေ့ရက်တိုင်းက သေတဲ့အထိမမေ့နိုင်အောင် ငါ့ခေါင်းထဲမှာစွဲထင်နေတယ်

home wallpaper ကြည့်ပြီး နှုတ်ခမ်းလေး နှာခေါင်းလုံးလုံးလေး ပါးဖောင်းဖောင်းလေး တွေထိ ထိပြီး ဖုန်း screen နဲ့ သူ့နှုတ်ခမ်းကပ်လိုက်မိတယ် ချစ်တယ် ကလေးရယ် တစ်ချိန်ကပိုင်ဆိုင်ခဲ့ဖူးတဲ့နှုတ်ခမ်းလေးလဲ တခြားလူလက်ထဲမှာ အရောင်တွေစွန်းကုန်ပြီ

ဒါမဲ့..မင်းရှေ့ပေါ်မလာတော့ဘူး မင်းကိုလွမ်းတိုင်း ငါ့ရဲ့ gallery ထဲဝင်ပြီး အလွမ်းဖြေမယ် ခုငါ့ရဲ့ပျော်ရွင်ခြင်းက မင်းကိုလွမ်းခြင်းပဲ

Love Hurts [COMPLETED]Where stories live. Discover now