part 6

1.5K 96 0
                                    

Unicode

ဝမ်ချောင်အရမ်းပျော်နေတယ်၊သူချစ်တဲ့သူဘေးနားမှာအမြဲနေရတယ်၊ဝမ်ချင်နေမကောင်းတာသိရပြီး သူချက်ချင်းသွားခဲ့တော့ ဝမ်ချင်က သူ့ကိုအရင်လိုချစ်ပေးပါပြောတော့ သူ့မှာထခုန်မတတ်ပျော်ရွင်ခဲ့ရတယ် သူမဘေးနားမှာပဲ အမြဲဂရုတစိုက်နေပြီး သူ့ယောက်ဖရှီးချန်ကလဲ သူ့ညီမအပေါ်ဂရုစိုက်လို့ ဝမ်းသာနေတယ် ခုလဲ
"သဲ ကို့ကိုချစ်လား"

ဒန်းပေါ်မှာထိုင်နေတဲ့ သူ့ရဲ့ချစ်သူလေးလက်အားကိုင်ပြီးမေးလိုက်တော့

"အင်း" လို့ပြောပြီးခေါင်းညိတ်တော့ သူ့ရင်ထဲအပျော်တွေအတိုင်းဆမဲ့ ၊ဝမ်ချင်တို့အိမ်အမြဲလာပြီး ဘေးနားမှာပြုစုတယ် နေသိပ်မကောင်းသေးတော့ သူ့မှာမျက်စိအောက်ကအပျောက်မခံ ၊ဟိုလူကြီးမှာလဲ ချစ်သူရှိတာသိရကတည်းကဝမ်ချင်နဲ့အဲလူကြီးကိုသဝန်မတိုတော့ဘူး ဆေးရုံတခါလာတော့အဲလူကြီးကြောင့် ဝမ်ချင်မေ့လဲသွားရတာလို့ ထင်ခဲ့ပေမယ့် ဝမ်ချင်ကပြန်ပြောပြတော့သူ့ကြောင့်မဟုတ်တာ သိခဲ့ရတယ်
Yibo တစ်ယောက် စာတွေကြိုးစားရင်း အလုပ်တွေကြိုးစားလုပ် photo တွေရိုက်တယ် သူငယ်ချင်းတစ်ယောက်ရပြီး အတူတူအခန်းငှားနေကြသည်။china ကစစ်ကျွေးနဲ့ကျင်းလင်တို့ကိုလည်းအမြဲသတိတွေရတယ် အဲကောင်တွေနဲ့ တစ်လကိုလေးငါးခါလောက်တော့ vc call ကြတယ်။အိမ်နဲ့လဲအမြဲလိုလိုပြောဖြစ်ကြတယ်။

ကျဲနေမကောင်းဘူးဆိုတော့ သူဒီမှာနေရတာမကောင်းဘူး china ပြန်လာချင်တာတောင် ရတယ်သူကျန်းမာတယ်ပြောတော့ လာချင်တဲ့စိတ်ကို ထိန်းထားရတယ် ဘာလိုလိုနဲ့ ဒီရောက်တာ တစ်နှစ်ရှိပြီ အတူနေတဲ့ ယွီပင်းကသူနဲ့အရမ်းအဆင်ပြေတယ် ယွီပင်းတို့က china က ပုံမှန်မိသားစုတွေပါပဲ IT နဲ့ကျောင်းပြီးထားပြီး ဒီမှာအလုပ်လာလုပ်နေတာ၊ yibo တစ်နေ့အိတ်တွေအလုခံလိုက်ရလို့ ဝမ်နင်နဲ့တွေ့ပြီး ဝမ်နင်ကကူညီပေးခဲ့ရင်း သိခဲ့ကြရတာ။ ခုဆို သူနဲ့ခင်တာ တစ်နှစ်ပြည့်တော့မယ် ၊စိတ်တူကိုယ်တူသူငယ်ချင်းသစ် လူ‌ရိုးလူကောင်းလေး။ဒီနေ့ စစ်ကျွေးတို့နဲ့ vc ချိန်းထားတယ်

"Hi Hello yibo"
" ဟျောင့်တွေ ဘာတွေလုပ်နေကြလဲ"

" မင်းနဲ့ တူတူvc မလို့ ငါတို့နှစ်ယောက်စောင့်နေတာ ဒီနေ့ငါ ကျင်းလင်အိမ်မှာအိပ်တော့မလို့"

Love Hurts [COMPLETED]Where stories live. Discover now