Unicode
ရှောင်းကျန့်အိပ်ရာကနိုးလာပြီး ဘေးကိုစမ်းကြည့်တော့ ဘာမှမတွေ့ငုတ်တုတ်ထထိုင်ကာ "ကလေး ကလေး "
တစ်အိမ်လုံးလိုက်ရှာကာမတွေ့ ကုတင်ပေါ်ပြန်ထိုင်တော့ စာလေးတစ်စောင်*ကျနော်သွားပြီ 11:40*တဲ့
စာရေးထားတာလဲ တစ်ကြောင်းတည်း စာရေးတာတောင်ချေလိုက်တာ
အာ့ဆိုကလေးကဒီမှာမအိပ်ဘူးပေါ့ မနေ့ကအကြောင်းတွေသိပ်မမှတ်မိ ကလေးသူ့ကိုအိမ်ခေါ်လာတာပဲသိသည်။ခေါင်းတွေထိုးကိုက်နေတာပဲ ကလေးရေးတဲ့စာဖတ်ပြီး စိတ်ထဲမှာတစ်မျိုးကြီး ဖုန်းကြည့်တော့အဝင် call မရှိ ဟူးး အလုပ်များနေလို့နေမှာပါ wallpaper ကနှစ်ယောက်ပုံလေးကြည့်ပြီ သူပြုံးလိုက်မိသည်"ဟင် ကလေးအိတ်လဲမတွေ့တော့ဘူး အိတ်များယူသွားတာလား "
သူရှာလဲမတွေ့ အကျီထည့်တဲ့ ဗီဒိုထဲကြည့်တော့ ကလေးအကျီတချို့မရှိတော့ လိုတဲ့အကျီတွေမို့လို့ယူသွားတာနေမှာပါ အလုပ်တွေနည်းနည်းပါးရင်ပြန်လာမှာပါ ဖုန်းလဲမဆက်ဘူး နောက်မှပဲအေးဆေးခေါ်လိုက်တော့မယ် သူပြန်အိပ်လိုက်တော့သည်။နောက်ရက်တွေတစ်ပတ်ကျော်ကြာသွားခဲ့သော်လဲ ဖုန်းမဆက်စာမလာ သတင်းမကြား၊သူ့ဘက်ကပြန်ဆက်သွယ်သော်လဲမကိုင်ခဲ့ ၊သတင်းသဲ့သဲ့ကြားတော့ လဲမယုံ အဲဒါနဲ့ ယွီပင်းကိုဆက်တော့ ပြည်ပက show ကမ်းလှမ်းတာ သွားတယ်တဲ့
Online ကစာတွေပို့သော်လဲ seen ပြပြီး Reply မရှိသော စာတိုများ ..ကလေးဘာတွေများဖြစ်နေပါလိမ့် နေရောကောင်းရဲ့လား..
ရိပေါ် korea ရောက်ပြီး ယွီအာကိုအဖော် လုပ်ကာ Show တွေအတူလျှောက် ကြော်ငြာတွေရိုက်ဖြစ်တယ် ယွီအာက သူ့ကို korea ကပညာရှင်တွေနဲ့အမြဲမိတ်ဆက်ပေးတယ် သူ့ရဲ့ကြိုးစားမှုတွေကိုသဘောကျကြတယ် အလုပ်တွေအများကြီးလုပ်ရင်းသူဒီဘဝကိုကြိုက်နေပြီ
သူ့ဘဝရဲ့လက်တွဲဖော်ကောင်းလေး သူ့ကိုလဲအမြဲနားလည်ပေးတယ် သူနဲ့ဘဝတူစိတ်တူကိုယ်တူ အမြဲအမှားအမှန်ခွဲခြားပေးပြီး သူ့အပေါ်အရမ်းကောင်းတဲ့သူမ
သူဒီနေ့ခင်းကတည်းက shooting တွေအားတာနဲ့ သူ့အခန်းရှိရာဆီလာပြီး တစ်ရေးတမောအိပ်ရန်တွေးနေသော်လဲ အိပ်မပျော် သူဒီရောက်တာ တစ်လကျော်နေပြီဖုစ်သော်လဲ ပင်ပန်းတယ် အရင်ဆိုကူမဲ့ ယွီပင်းရှိသေးတယ် ခုကတစ်ယောက်တည်း ဒါမဲ့ ယွီအာရဲ့ မိတ်ကပ်၊ stylist တွေကသူ့ကိုအမြဲကူပေးကြသည်။
YOU ARE READING
Love Hurts [COMPLETED]
Fanfictionချစ်ပေမယ့်လည်း နာကျင်ရတဲ့ အတိတ်ကအရာတွေကြောင့် ခဗျားကိုမုန်းတယ်💔