Part 49

1.3K 65 1
                                    

"ကိုကို"

"Honey ဘယ်ပျောက်နေတာလဲကွာ ပြီးပြီလား "

"အင်း ကိုကို အကုန်နှုတ်ဆက်ခဲ့ပြီးပြီ ဒါနဲ့ခုညစာ စားပွဲရှိလို့တစ်ခါတည်းအတူသွားရအောင်တဲ့ ကိုကို သွားရအောင်နော် please"

ရှောင်းကျန့်ရဲ့ရှုံ့မဲ့နေတဲ့မျက်နှာလေး မြင်ပြီး ချင်းချင်ကတစ်ခါတည်းအပိုင်ချုပ်လိုက်သည်။နှစ်ယောက်သားစကားပြောနေကြတာ ဘေးကရိပေါ်ကိုတောင်မမြင်မိတော့ဘူး မိုးမမြင်လေမမြင်နဲ့ပေါ့။

ရိပေါ်သူ့ရှေ့က လက်မောင်းလေးချိတ်လျက်မူပိုပိုနဲ့ပြောနေတဲ့ကလေးမရယ် ချစ်စရာအပြုံးလေးနဲ့ချွဲသမျှအလိုလိုက်နေတဲ့ပုံနဲ့သူ့ကိုကို ရယ် ကိုမြင်ပြီး ရင်ဘတ်ထဲစူးကနဲ့ အာ့နဲ့သူပဲစကားစလိုက်ရသည်။

"ဟုတ်တယ်  ကို...က ကျန့်ကောပါတစ်ခါတည်းလိုက်ခဲ့လေ "
သူကိုကိုဆိုတဲ့နာမ်စားလေးကိုပါးစပ်ကထွက်မိမတတ် ဖြစ်ပေမယ့် အမြန်ပိတ်လိုက်မိတယ်

"အာ Captain wang yibo မလား အပြင်မှာတွေ့ချင်နေတာ ခုတော့တွေ့ရပြီ တွေ့ရတာဝမ်းသာပါတယ် ဒါနဲ့ကိုကိုနဲ့ captain wang ကသိကြလို့လား"

"အော် ဟုတ်တွေ့ရတာဝမ်းသာပါတယ်
အရင်ကရင်းနှီးကြတာပါ LA ကလာတယ်ဆိုတဲ့တစ်ယောက်မလား ကျွန်တော်ဒီနေ့မှ စရောက်ပေမယ့် သတင်းတွေကြားရပါတယ် ဒါနဲ့ ညစာစားပွဲရှိတယ်တစ်ခါတည်းသွားကြမယ်လေ "

"ဟုတ် ကိုကိုကလိုက်ပါ့မလား စိတ်ပူနေတာ ကိုကို ကိုကို"

ရိပေါ်သူ့ရှေ့ကကောင်မလေးကိုကြည့်တော့ သူ့ကိုကိုကို ကိုကိုလို့တောင်ခေါ်နေပါလား ဒီနာမ်စားကကျွန်တော်တစ်ယောက်တည်းအတွက်ပဲမလား ကိုကိုရာ ဒါမဲ့လက်ထပ်ထားကြတယ်ဆိုတဲ့အသိက သူ့နှလုံးသားကိုနာကျင်စေတယ်။

လက်ချင်းယှက်ပြီးဆုပ်ကိုင်ထားကြတယ် အရမ်းချစ်ကြတဲ့သူတွေပေါ့ လူတွေကတော့သူတို့ကိုချစ်သူရီးစားပဲထင်ကြတာ တကယ်ကလက်ထပ်ထားကြတဲ့ချစ်သူတွေမဟုတ်လား ဘာလို့ပွင့်ပွင့်လင်းလင်းမလုပ်ကြတာလဲ

ဒီလိုနဲ့ အကုန်လုံးဆိုင်ရောက်တာ့စားကြသောက်ကြရင်းနဲ့ပေါ့ အယောက်နှစ်ဆယ်လောက်ရှိတဲ့လူဦးရေနဲ့ သူမထင်မှတ်ပဲကိုကိုရှေ့ထိုင်ဖြစ်သွားတယ် ကျန်တဲ့လူတွေကလဲစကားတပြောပြောနဲ့ ချင်းချင်ကလဲ ဟ်ုဘက်ထလိုက်ဒီဘက်ထိုင်လိုက်နဲ့ အကုန်လုံးနဲ့စကားတွေပြောနေကြတယ်

Love Hurts [COMPLETED]Where stories live. Discover now