Part 33

1K 59 0
                                    

ကျန်းချန်ရောက်လာပြီးအခြေနေကပုံမှန်ပြန်ဖြစ်ကာ အရင်ကအကြောင်းတွေပြောလိုက်သောက်လိုက်နဲ့
"ကဲ့ ငါပြန်ရတော့မယ်"

"မင်းကလဲကွာ နေပါဦး "

"မရတော့ဘူး တစ်ခါတည်းပြန်မယ်လေ မင်းကိုငါလိုက်ပို့ပေးခဲ့မယ် "

"တော်ပါကွာ ငါ့ဟာငါပြန်လို့ရတယ် "

"အေးပြီးရောရှောင်ကျန့်‌ရေ အော်ဒါနဲ့ မင်းအားရင်ကျဲဆီလာပါဦးတဲ့နော်...
ဟေ့ကောင်တွေငါပြန်ပြီ ရွယ်ရန် ရှောင်းကျန့်ကို ကားပေါ်သေချာတင်ပေးလိုက်နော် မင်းလဲသတိထားမောင်း"

"အေးပါစိတ်ချ"
ရှောင်းကျန့်ဒီနေ့နည်းနည်းမူးအောင်သောက်ဖြစ်နေတယ် ကလေးကသူ့ကိုဖုန်းမဆက်တာနှစ်ရက်ရှိပြီ သူဆက်လဲမကိုင် ဘာလို့လဲ အာ့ကြောင့် သူလွမ်းတယ် လွမ်းတော့ မူးအောင်သောက်တယ်

ရွယ်ရန်မူးနေတဲ့ရှောင်းကျန့်ကို လက်တစ်ဖက်ပခုံးပေါ်တင်ပေးပြီး ကျန်လက်တစ်ဖက်က ခါးကိုဆွဲဖက်လိုက်တယ်

"ဘာလုပ်တာလဲ ရွယ်ရန် ဖယ်"

"ဟျောင့် မင်းမူးနေလို့ ငါထိန်းပေးနေတာလေ ငါမထိန်းရင်အောက်ကိုပြုတ်ကျတော့မယ် ပြန်မယ် မင်းကိုအိမ်လိုပ်ပို့ပေးမယ် "

"မလိုဘူး ငါ့ကလေးလာခေါ်လိမ့်မယ် "

"ဟ မင်းကလေးကဘယ်ဆီနေမှန်းမသိ "
ရွယ်ရန်တွဲခေါ်ရင်း ကားတစ်ခါးဖွင့်ကာ တင်ပေးလိုက်တယ် တံခါးမပိတ်သေးဘဲ မူးနေတဲ့ကောင်ငယ်လေးကို ထိုင်ကြည့်နေလိုက်တယ်

"ဘာတွေပြောနေမှန်းကိုမသိဘူး မင်းဟာလေ မူးနေတာတောင် လှရက်လွန်းတယ် ချစ်ဖို့ကောင်းတယ် " သူခါးကုံးကာ နမ်းရန်ဟန်ပြင်လိုက်တော့

ရိပေါ်တစ်ယောက်လိုက်ကြည့်နေတာ ဒီကောင်သိပ်မူမမှန်ဘူးသူ့ကိုကိုအပေါ်မှာ အာ့ကြောင့်စိတ်မချလို့လိုက်ကြည့်ကာ နောက်ကအကျီစကို ဆွဲကာ

"မင်း သူများရီးစားကိုဘာလုပ်နေတာလဲ "
"ဟာ ဟေ့ကောင်ဖယ် လွတ် ငါဘာလုပ်လို့လဲ"

"ရူးကြောင်မူးကြောင်လုပ်မနေနဲ့ ဆိုင်ထဲကဟာတွေကအစအကုန်မြင်တယ်"

Love Hurts [COMPLETED]Where stories live. Discover now