Unicode
ရှောင်းကျန့် ကလေးဆီကထွက်လာခဲ့ပြီး ပါးနဲ့မားအား နယ်မြို့ထိသွားပြီးရှာခဲ့ပေမယ့် မရှိတော့ဘူး ပြောင်းသွားပြီတဲ့ ငယ်ငယ်ကသူငယ်ချင်းတွေနဲ့တွေ့တော့
*ရုတ်တရက်ပြောင်းသွားတာ နာမည်နည်းနည်းကြီးတဲ့ အဆိုတော်တစ်ယောက်ရောက်လာပြီး ပိုက်ဆံပေးတယ်ဆိုလား မသိဘူးတဲ့ အဲနောက်ပိုင်းတခြားမြို့ပြောင်းသွားတာတဲ့*
သူလဲ ဘာအကြောင်းရင်းကြောင်းဒီလောက်ထိသူ့ကိုပစ်သွားရတာလဲ မသိတာကြောင့် ပါးနဲ့မားတို့နဲ့သိတဲ့ လူကြီးတချို့ကိုမေးတော့
*ဘယ်ပြောင်းသွားလဲမသိဘူး မင်းလာရှာခဲ့ရင်လဲ မင်းကသူတို့သားအရင်းမဟုတ်ဘူး မွေးစားထားတယ်ဆိုတာ သိအောင်ပြောပေးပါတဲ့ *
လူကြီးတွေကလဲ သူကသားအရင်းမဟုတ်ဘူးဆိုတာ သိနေခဲ့တယ် ရပ်ကွက်မှာလာပစ်သွားတော့ ကောက်ယူမွေးစားထားတာတဲ့ ဒီအဖြစ်ကြီးကိုတစ်သက်လုံးသူမသိခဲ့။ဒါမဲ့ ဒီလောက်ထိပြတ်ပြတ်သားသားပြစ်ရလောက်အောင် သူ့အပေါ်သံယောဇဉ်နည်းနည်းလေးတောင်မရှိခဲ့ရတာလဲ ။သူသိပါတယ် အရင်ကတည်းကသူ့ကိုဆိုသိပ်ပြီး အရေးမပေးခဲ့တာတွေ ။
သူစိတ်တွေရှုပ်ထွေးစွာနဲ့ ပြန်လာခဲ့တယ်။ကျန်းချန်ဆီလဲ မသွားချင်။ကျင်းလင်နဲ့တွေ့ရင် မျက်နှာချင်းမဆိုင်ချင်ဘူး။ ဘယ်သွားလို့ဘယ်လာရမှန်းမသိ၊ Bar ကိုသာရောက်လာခဲ့တော့သည် ။
"ဟာ ကောရှောင်းကျန့် မလာတာတောင်ကြာပြီ "
"အော် အေး မင်းတို့ဆရာကော မလာသေးဘူးလား"
"ဆရာ ဒီနေ့နောက်ကျမယ်တဲ့ "
"ငါလာတာဘယ်သူ့မှမသိစေနဲ့ သူ့အခန်းကစောင့်နေလိုက်မယ် နောက်ဘယ်သူလာလာငါရှိတယ်မပြောနဲ့နော်"
"ဟုတ် ကော"
သူ waiter လေးတွေကိုနှုတ်ဆက်ပြီး ကျန်းချန်အခန်းကိုရောက်လာခဲ့တယ် ။
သူမှတ်မိသေးတယ် ဒီအခန်းက သူနဲ့ ကလေးအမြဲအတူတူရှိနေခဲ့တဲ့နေရာလေး၊ ရောက်လာရင်ကျန်းချန်ကအလိုလိုထွက်ပေးပြီးသား ပုံရိပ်တွေမြင်ယောင်ပြီး ကျောပိုးအိတ်ကိုချကာ ဆိုဖာပေါ် ခြေပစ်လက်ပြစ်ထိုင်ချလိုက်တော့သည်။
ESTÁS LEYENDO
Love Hurts [COMPLETED]
Fanficချစ်ပေမယ့်လည်း နာကျင်ရတဲ့ အတိတ်ကအရာတွေကြောင့် ခဗျားကိုမုန်းတယ်💔