Unicode
ရှောင်းကျန့် နေပြန်ကောင်းပြီး ရုံးဆင်းတယ် သီချင်းကတော့သွားမဆိုဖြစ် ကျန်းချန်တော့လာတယ်တခါတလေ ဒီနေ့လဲညစာချက်ဖို့ ပစ္စည်းဝယ်ရင်း နည်းနည်းမှောင်သွားတယ် လမ်းထဲဝင်တော့ သူ ရိပေါ် အရှေ့ကလမ်းေလျှာက်နေတာ အထုပ်တစ်ထုပ်ဆွဲရင်း မတွေ့တာတစ်လတောင်ရှိခဲ့ပြီ သူနေကောင်းရဲ့လား သူ့ရှေ့က ခပ်သွက်သွက်လျှောက်ရင်းအခန်းထဲ ဝင်နေလိုက်တော့တယ် မလွယ်ပါလား...မင်းရဲ့အငွေ့သက်တွေလွမ်းတယ် အသက်မပါတဲ့အပြုံးတွေလဲလွမ်းတယ်
ရိပေါ်ရှေ့ကလျှောက်သွားတဲ့လူကြီးကိုကြည့်ပြီး ရင်နာနာနဲ့ပြုံးမိသည်။ခင်ဗျားမရှိတဲ့အရပ်မှာ တစ်လလောက်နေရတာလဲ .....
ရှောင်းကျန့် မနက်စောစောလမ်းထလျှောက်တော့ 5 ခွဲပဲရှိသေးတာကြောင့် မိုးမလင်းတလင်း၊
"ကျန်းကော ဝေ့""ဟင် စစ်ကျွေး "
"ဟာ လမ်းလာလျှောက်တာလား အမြဲတမ်းလျှောက်ဖြစ်လား "
"အင်းအမြဲတမ်းတော့မဟုတ်ပေ့မယ့်တစ်လလေးငါးဆယ်ရက် လျှောက်ဖြစ်တယ် တယောက်တည်းလား ''
"အင်း အာ့ဆိုနောက်ရက်တွေချိန်းပြီး ေလျှာက်ကြမယ်လေ ကောနေကောင်းသွားတော့ တော်ပါသေးရဲ့ နောက်ဆိုကျနော့ကိုဘာကိစ္စပဲရှိရှိ ဖုန်းဆက်အကူညီတောင်းနော်"
"အင်းပါ ကလေးပဲရှိသေးတယ် စိတ်ကောင်းလေးထားတတ်တယ်သဘောလဲကောင်းတဲ့ကလေး"
ပြောရင်း ဆံပင်လေးကိုဖွကာ ပခုံးဖက်ကာ လမ်းလျှောက်ရင်းစကားတပြောပြော
ဒါကိုအစအဆုံးမြင်နေရတာကရိပေါ် စစ်ကျွေးက မနေ့က gp ထဲသူမနက်စောစော လမ်းလျှောက်မယ့်နေရာပြောထားတော့ သူ surprise လုပ်ချင်တာနဲ့ လာခဲ့လိုက်တာ သိပ်မရှာလ်ုက်ရပေမယ့် မြင်ရတဲ့မြင်ကွင်းကြောင့် ဒေါသတွေထွက်ကာ သူတို့ဆီအပြေးတစ်ပိုင်းရောက်လာပြီး"စစ်ကျွေး လာမင်းဘယ်လိုလူတွေနဲ့ ဒီလိုနေနေရတာလဲ တချို့အတွင်းစိတ်တွေက မင်းထင်သလို မရိုးဘူးနော် "
ပြောပြီး ရှောင်းကျန့်ပခုံးဖက်ထားတဲ့ လက်တွေအား ဆွဲချကာ စစ်ကျွေးကို သူ့ဘက်ဆွဲကာပြောလိုက်ခြင်း
YOU ARE READING
Love Hurts [COMPLETED]
Fanfictionချစ်ပေမယ့်လည်း နာကျင်ရတဲ့ အတိတ်ကအရာတွေကြောင့် ခဗျားကိုမုန်းတယ်💔