Part 14

1.9K 72 0
                                    

Unicode

"အား မြန်ပေးပါ"

ရိပေါ်လဲ သူတော်တော်ကောင်းချင်နေပြီ ရှောင်းကျန့်ပြောတဲ့အတိုင်းလုပ်ပေးနေတော့သည်

ရှောင်းကျန့်တစ်ယောက် ဒီအခိုက်တန့် အတော်ကြိုက်နေပြီ ကောင်းလိုက်တာ ဘဝမှာတခါမှမခံစားခဲ့ဖူးဘူးပဲ သူနဲ့အတူရိပေါ်ဆိုတာလဲမေ့နေခဲ့သည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရှောင်းကျန့်တစ်ယောက် ဒီအခိုက်တန့် အတော်ကြိုက်နေပြီ ကောင်းလိုက်တာ ဘဝမှာတခါမှမခံစားခဲ့ဖူးဘူးပဲ သူနဲ့အတူရိပေါ်ဆိုတာလဲမေ့နေခဲ့သည်

" Now the day bleeds
Into nightfall
And you're not here
To get me throught it all
I let my guard down"

ဖုန်းRingtone သံထွက်လာတော့ နှစ်ယောက်လုံး နမ်းနေတာရပ်သွားပြီး ရိပေါ်က ယစ်မူးနေတဲ့အနေထားကနေသတိဝင်လာကာရှောင်းကျန့်အား တွန်းပြီး မျက်နှာအား တစ်ချက်ထိုးကာ

"ခင်ဗျားကိုရွံ့တယ် " ပြောပြီးဝရန်တာတံခါးဖွင့် အခန်းဘက်ကိုကျော်ပြေးသွားတော့ သည်။
ရှောင်းကျန့် ဖုန်းသံလဲမကြားတော့ဘူး လူကတခုခုဆေးမိနေသလို ရှက်ရွံ့မှုတွေနဲ့ ချည်ထားတဲ့လက်ကို ကတ်သီးကတ်သတ်ဖြေပြီး  ရေချိုးခန်းထဲ အပြေးဝင်ကာ တန်းလန်းဖြစ်နေတဲ့ သူ့ကိုယ်သူ ဖြေလျောလိုက်ကာ ရေပန်းအောက် ထိုင်နေလိုက်တော့သည်။

အချိန်ဘယ်လောက်ကြာသွားလဲမသိ ဖုန်းသံနောက်တစ်ကြိမ်ကြားတော့မှ အသက်ဝင်လာတော့သည်။ အဝတ်စားတွေလဲပြီး ဖုန်းကိုကြည့်တော့ကျန်းချန်ဖြစ်နေတာနဲ့ပြန်ခေါ်လိုက်သည်။

"အင်း ပြော "

"ဒီနေ့မလာဘူးဆို ငါတောင်ခုရောက်နေတာ လာအုံးမလား ငါလာခေါ်မယ်လေ 11:30 တော့ ခွဲပြီ "

"မလာတော့ဘူးကျန်းချန် ငါအိပ်ချင်နေလို့ နောက်ရက်မှပဲ ရုံးကအပြန်ဝင်ခဲ့မယ် မင်းရှိမဲ့နေ့ပြောလေ "

"အေ မင်းဘာဖြစ်နေတာလဲ အသံကတမျိုးပဲ ဖုန်းခေါ်တာသုံးလေးကြိမ်မက ဘာလို့မကိုင်တာလဲ တစ်ယောက်တည်းမဟုတ်တာတွေးမနေနဲ့နော်ခံစားရတာရှိရင်ဘာမဆိုငါ့ကိုပြော "

Love Hurts [COMPLETED]Where stories live. Discover now