Part 57

1.3K 67 1
                                    

Unicode

"ကို........က"

"မင်း ......အား..မုံ "

အံ့ဩမှုများစွာ မထင်မှတ်မှုများစွာနဲ့ သူဆွံ့အနေခဲ့တယ် သူအမြဲ စိတ်ထဲမှာတောင်းပန်နေမိသောသူမ အပြင်မှာတွေ့ရင်လဲထပ်ခါတောင်းပန်ချင်ခဲ့မိတာ တကယ့်လက်တွေ့အပြင်မှာတွေ့လိုက်ရတော့ ဘာစကားမှပြောမထွက်လာခဲ့ပါ။

"ကို "

ဆွေးမြေ့စွာခေါ်လိုက်တဲ့အသံရယ် တစ်စုံတစ်ခုကိုလွမ်းဆွတ်တောင့်တနေခဲ့သလိုမျိုး တစ်လုံးတည်းခေါ်ချလိုက်တဲ့သူမ ၊
အရင်တုန်းကလို ခပ်ဟော့ဟော့မဟုတ်ပေမယ့် လူကြီးဆန်စွာ နဲ့သူမ၊ပြောရရင်ရင့်ကျက်လာပြီဆိုတဲ့ပုံစံမျိုးလေးပြောရရင်ရင့်ကျက်လာပြီဆိုတဲ့ပုံစံမျိုးလေးပဲ

ဆံပင်ရှည်ကခါးလယ်လောက်မှာ ရှေ့ကမြင်နေရတာတောင် အမြဲတစ်စိမ့်စိမ့်ထိုင်ကြည့်ချင်မိလောက်တဲ့ အလှတရားနဲ့ သူမ

ဘေးကဖြတ်သွားတဲ့ သူတွေကလှည်ပြန်ငေးရလောက်အောင် လှရက်လွန်းတယ် ၊အားကစားဝတ်စုံနဲ့ အပေါ်ကချပ်ကပ်နေပြီး အောက်ကဘောင်းဘီပွက မရိုင်းပြန်ဘူး ပုရိသတွေရဲ့စိတ်အစဉ်ကိုဖမ်းစား‌နေခဲ့တယ် ဝတ်ထားတာက ရိုင်းလားဆိုတော့ ဟင့်အင်း.....မရိုင်းဘူး

" မတွေ့တာတောင်ကြာပြီ ကို"

...........

သူမနဲ့တွေ့ဆုံခဲ့တဲ့အချိန်တွေဆီ ပြန်ရောက်ချင်မိတယ် ဘာလို့ဆို သူမနာကျင်ခဲ့ရတဲ့အချိန်တွေကိုပြောင်းလဲပေးချင်ခဲ့လို့၊ ကျနော့ကြောင့် ဘယ်သူ့မှနာကျင်မှုတွေမခံရစေချင်ဘူး၊ဖြစ်နိုင်ရင်ပြောင်းလဲပြစ်ချင်တယ်

ဟိုရက်က မနက်လမ်းလျှောက်တော့တွေ့ခဲ့ရတဲ့သူမက အတူစကားပြောချင်တာကြောင့် ပြန်တွေ့ခဲ့ကြတယ် ကျန်းချန်နဲ့ချင်းချင်ကို အမြန်ပြန်ခိုင်းလိုက်ပြီး သူမနဲ့သူကတော့ ပန်းခြံရှေ့ကကော်ဖီဆိုင်မှာ အတူစကားပြောဖြစ်ခဲ့ကြတယ်

သူမထင်ထားလောက်အောင်အံ့ဩရတဲ့အကြောင်းတစ်ခုကို သူမပြောတော့ မယုံနိုင်ဖြစ်ခဲ့ရသေးတယ် သူ့ကလေးလေးက အားမုံကို လာပြီးပြန်ရှင်းပြတယ်တဲ့လေ

Love Hurts [COMPLETED]Where stories live. Discover now